မောင်းနှင်သွားတဲ့ ကားနဲ့အတူပျောက်ဆုံးနေတာပါ။

ဒေါက်တာအေးဇော်ထွန်းဟာ ပျောက်ဆုံးခဲ့တဲ့ညက သူငယ်ချင်းတွေနဲ့တွေဖို့ (၃)နှစ်ကျော်သားဖြစ်သူနဲ့ အိမ်ကထွက်သွားခဲ့ပြီး သူငယ်ချင်းတွေနဲ့ တွေ့ပြီး စားသောက်ဆိုင်က အပြန်မှာ ဇနီးဖြစ်သူနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ရာကနေ ယနေ့အထိ အဆက်အသွယ်မရရှိသေးတာပါ။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က ဒေါက်တာအေးဇော်ထွန်းနဲ့ သူရဲသား (၃)နှစ်အရွယ် ကလေးဟာ ဒီဇင်ဘာလ(၅)ရက်နေ့က မောင်းနှင်သွားတဲ့ ကားနဲ့ အတူပျောက်ဆုံးနေပြီး ဒီနေ့အထိ မတွေ့ရှိသေးသလို သတင်းအစအနလည်း မကြားသိရသေးဘူးလို့ သိရပါတယ်။ ဒေါက်တာ အေးဇော်ထွန်းဟာ ဒီဇင်ဘာလ(၅)ရက်နေ့ညပိုင်းက သူထိုင်တဲ့ ဆေးခန်းပိတ်ချိန်အပြန်မှာ သူ့ရဲ့ အပေါင်းအသင်းမိတ်ဆွေတွေနဲ့ တွေ့ဖို့ ချိန်းဆိုထားလို့ နေအိမ်ကနေ သူ့ရဲ့သားကိုခေါ်ပြီး သူငယ်ချင်းတွေနဲ့ သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

“ သူငယ်ချင်းတွေနဲ့ တွေ့ပြီးအပြန်မှာ အဆက်အသွယ်ပြတ်သွားတာ။ မှတ်တမ်းတွေအရတော့ မြို့ဝင်၊ မြို့ထွက်ဂိတ်တွေတော့ စစ်ပြီးပြီ ကားက မြို့ထဲကနေအထွက်မရှိဘူး။ဒါပေမယ့် ပြောလို့တော့ မရဘူးပေါ့။ CCTV Record တွေက နေရာတိုင်းမှာမရှိဘူး။လက်ရှိအနေအထားအရ သူတို့ စာရွက်စာတမ်းတွေမှာတော့ အထွက်မပြထားဘူး။ဒါပေမယ့် ကျွန်တော်တို့က သွားနေကျဆိုတော့ သိတယ်။ ဂိတ်တွေက အဝင်အထွက်တွေကို မှတ်ချင်မှလည်းမှတ်တာ။ ဒီတိုင်းလွှတ်ပေးလိုက်တာတွေလည်းရှိတယ်" လို့ ယခုကိစ္စမှာလိုက်ပါဆောင်ရွက်ပေးနေသူတစ်ဦးက Duwun ကိုပြောပါတယ်။

လက်ရှိမှာတော့ မော်လမြိုင်မြို့တွင်းနဲ့ ဘားအံဘက်တွေ၊ မြဝတီနယ်စပ်ဘက်တွေမှာလည်း လိုက်လံရှာဖွေနေပေမယ့် ဘာသတင်းမှမရရှိသေးဘူးလို့ သိရပါတယ်။ ဒေါက်တာအေးဇော်ထွန်း မောင်းနှင်သွားတဲ့ ကားက Toyota Wish ခဲရောင် ကားအမျိုးအစားဖြစ်ပြီး ကားနံပတ် 3L- 9150 ဖြစ်ပါတယ်။ ပျောက်ဆုံးခဲ့တဲ့ ညက သူငယ်ချင်းတွေနဲ့ တွေ့ဆုံပြီး စားသောက်ဆိုင်ကနေ အိမ်အပြန်လမ်းမှာ ဇနီးဖြစ်သူနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး ယနေ့အထိဟန်းဖုန်းကိုလည်း အဆက်အသွယ်လုပ်လို့မရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒေါက်တာအေးဇော်ထွန်းတို့ သားအဖပျောက်ဆုံးမှုကို မော်လမြိုင်ရဲစခန်းမှာလူပျောက်နဲ့အမှုဖွင့်ထားပြီး Duwun က ရဲတပ်ဖွဲ့ကိုဆက်သွယ်လို့ရအောင် ကြိုးစားဆောင်ရွက်လျှက်ရှိနေပါတယ်။   ဒေါက်တာအေးဇော်ထွန်းတို့ သားအဖပျောက်ဆုံးမှုကိုတော့ ကားလုယက်ပြီး လူကို အန္တရယ်ပြုခဲ့နိုင်သလို၊ ကားရော လူပါ ပြန်ပေးဆွဲတာများဖြစ်နေမလားဆိုပြီး အမျိုးမျိုးထင်မြင်ယူဆလျှက်ရှိနေပါတယ်။

Share

Loading Next Article...
က္က