၂၀၁၇ခုနှစ် အကြမ်းဖက်ကာလတွေမှာ ထွက်ပြေးတိမ်းရှောင်ခဲ့သူပါ။

ရခိုင်ပြည်နယ် မောင်တောင်မြို့က လူနာနံပတ် (၂၃၄)က ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ခိုးပြီးပြန်လာတဲ့သူဖြစ်ပြီး တာဝန်ရှိသူတွေက စစ်ဆေးကာ Quarantine ထားရှိထားသူဖြစ်တယ်လို့သိရပါတယ်။

မေလ (၃၀)ရက်နေ့က ဘင်္ဂလားဒေ့ရှ်ကနေမြန်မာနိုင်ငံကို ခိုးပြီးပြန်ဝင်တဲ့သူ (၅)ဦးရှိပြီး (၅)ဦးလုံးကို ဓာတ်ခွဲစစ်ဆေးရာမှာတော့ တစ်ဦးမှာရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။



“ သူတို့က ဘင်္ဂလားဒေ့နိုင်ငံမှာ ရောဂါတွေတအားကူးစက်မှုရှိနေတော့ မြန်မာနိုင်ငံကိုခိုးပြီးပြန်လာတဲ့သူတွေပါ။ ၂၀၁၇ခုနှစ်တုန်းက ရခိုင်မှာအကြမ်းဖက်ဖြစ်စဉ်တွေဖြစ်တုန်း ထွက်ပြေးတိမ်းရှောင်သွားတဲ့သူတွေ။ အခုရောဂါဖြစ်မှ ပြန်ခိုးဝင်လာတာ။ ကျွန်တော်တို့က သိတော့မှပြန်ဝင်လာတဲ့သူ (၅)ယောက်လုံးကို Quarantineထားရှိထားပြီး ဓာတ်ခွဲစစ်ဆေးခဲ့တာပါ”လို့ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးမှ ဦးစိုးအောင်းက Duwun ကိုပြောပါတယ်။

လက်ရှိမှာ လူနာရဲ့ကျန်းမာရေးကကောင်းမွန်လျှက်ရှိပြီး မောင်တောမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။သူနဲ့ထိတွေ့ထားတဲ့ အုပ်ချုပ်ရေးမှူးနဲ့ သူ့ရဲ့ယောက္ခမဖြစ်သူတို့ကိုလည်း Quarantine ထားရှိထားတယ်လို့သိရပါတယ်။

ယနေ့ထပ်တိုးလူနာနံပတ် (၂၃၄)အပါအဝင် ရခိုင်ပြည်နယ်မှာ COVID-19 အတည်ပြုလူနာ (၃)ဦးထိရှိထားပါတယ်။ ရောဂါပိုးတွေ့ရှိထားတဲ့ခိုးဝင်လူနာကိုတော့ လက်ရှိအချိန်မှာ ဆေးကုသမှုခံယူစေမှာဖြစ်ပြီး ရောဂါပိုးကင်းစင်မှသာ ဥပဒေအရ အရေးယူမှုတွေလုပ်ဖို့စီစဉ်မယ်လို့လည်းသိရပါတယ်။ 

မေလ(၁၆)ရက်နေ့က စပြီး ဇွန်လ (၄)ရက်နေ့ မနက်ပိုင်းအထိပြည်ပကပြန်လာတဲ့သူတွေထဲက စုစုပေါင်း (၅၁)ဦးမှာ ရောဂါပိုးတွေ့ရှိထားပြီး မလေးရှား ပြန်(၁၃)ဦး၊ ယူအေအီးပြန်(၈)ဦး၊ အိန္ဒိယပြန် (၂၆)ဦး၊ အီတလီ (၁)ဦး တရုတ် (၁)ဦးထိုင်း (၁)ဦးနဲ့ ဘင်္ဂလားဒေ့ရှ်က(၁)ဦးတို့ဖြစ်ပါတယ်။ ဒီကနေ့ဇွန်လ(၄)ရက်နေ့ မနက်ပိုင်းထုတ်ပြန်ချက်အထိ မြန်မာနိုင်ငံမှာ COVID 19 ပိုးတွေ့လူနာ (၂၃၄)ဦးရှိပြီး (၁၄၅)ဦးက ပြန်လည်ကောင်းမွန်ကာ (၆)ဦးသေဆုံးထားပါတယ်။









ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က