၅ ဦး ဒဏ်ရာပြင်းထန်ပါတယ်။

မဲဆောက်မှာ ရှမ်းတိုင်းရင်းသား ၁၂ ဦးလိုက်ပါလာတဲ့ကားက ကုန်တင်ကားကို ဝင်တိုက်မိခဲ့တာကြောင့် ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ Social Action for Children and Women – SAW က နေသတင်းထုတ်ပြန်ပါတယ်။



Photo - SAW



ဖစ်စဉ်မှာ မတ်လ ၂၇ ရက် က ထိုင်းနိုင်ငံ တပ်ခရိုင် မဲဆောက်မြို့အဝင် သာစင့်မဟာရ သုံးမြောင့်မီးပွိုင့်မှာ ကုန်တင်ကားအကွေ့မှာ တစ်ဖက်လမ်းမအတိုင်းမောင်းလာတဲ့ ငွေရောင်ပစ်ကားတစ်စီးက အရှိန်နဲ့ ဝင်တိုက်မိခဲ့တာပါ။

တိုက်မိခဲ့တဲ့ငွေရောင်ပစ်ကားဟာ လိုင်စဉ်နံပါတ် 3315 Kamphaeng(ကမ်ဖင်ဖက်) ရဲခေါင်းခန်းမှာ မောင်းသူအပါအဝင် ထိုင်းယိုင် (ထိုင်းမှာအနေကြာ လက်မှတ်ရ ရှမ်းတိုင်းရင်းသား) ၁၂ ဦးလိုက်ပါလာတယ်လို့သိရပါတယ်။

Photo - SAW

ကမ်ဖင်ဖက်မြို့မှာနေထိုင်နေကြတဲ့ ရှမ်းတိုင်ရင်းသားတွေဟာ ချင်းမိုင်မြို့မှာ ကျင်းပမယ့် ခရစ်ယာန် ဘာသာရေးပွဲတော်ကို အသွား ခုလို ကားတိုက်မှုဖြစ်ပွားခဲ့တာပါ။

ကားနောက်ခန်းမှာ တင်လာတဲ့ အဝတ်အစား နဲ့အသုံးအဆောင်ပစ္စည်းတွေဟာ လေပေါ်မြောက်တက်သွားခဲ့ပြီးကားမောင်းခန်းနဲ့ နောက်တွဲအခန်းလေးထဲမှာ ၁၂ ဦး ဘယ်လိုလိုက်လာကြတယ်ဆိုတာကို လာရောက် စစ်ဆေးကြတဲ့ တာဝန်ရှိသူတွေက အံ့အားသင့်နေကြပါတယ်။

ယာဉ်တိုက်မိကြောင့် ငွေရောင်ပစ်ကားပေါ်က ၅ ဦး ဒဏ်ရာပြင်းထန်ပြီး ကားမောင်းသူ အပါအဝင် ကျန်(၇)ဦဟာ

ဒဏ်ရာပြင်းထန်တဲ့ သူတွေကို တပ်ခရိုင် က Somdet Phrachao Taksin Maharaj ဆေးရုံကို ပိုဆောင်ခဲ့တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က