Positive သုံးကြိမ်ပြထားတယ်လို့သိရပါတယ်။

မေ့ဆေးဆရာဝန်မကြီး (လူနာအမှတ် ၃၀) ကို ငါးကြိမ် ဓာတ်ခွဲစစ်ဆေးထားရာမှာ Positive နဲ့ Negative က တစ်လှည့်စီ ပြနေတယ်လို့ သိရပါတယ်။

စစ်ဆေးချက်အဖြေ တွေအရ တစ်ကြိမ်မှာ Negative ပြပြီး နောက်တစ်ခါ ထပ်စစ်ဆေးရင် Positive ပြန်ပြတာတွေရှိနေကာ လေးကြိမ်မြောက်စစ်တုန်းက Negative ပြပြီး အခုနောက်ဆုံး ငါးကြိမ်မြောက်မှာတော့ positive ပြန်ဖြစ်သွားတယ်လို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ ညွန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။

“ ဆရာမကြီးရဲ့ ဆေးစစ်ချက်အဖြေကတော့မတည်ငြိမ်သေးဘူးပေါ့။ တစ်ကြိမ်မှာ Negative ပြရင် နောက်တစ်ကြိမ်မှာ Positive ပြန်ပြတယ်။ အခုနောက်ဆုံးစစ်တာကတော့ positive ပြန်ဖြစ်သွားတော့ ကျွန်တော်တို့ နောက်တစ်ခါ ထပ်စစ်ရဦးမှာပေါ့” လို့ ဒေါက်တာသန်းနိုင်စိုးက ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အတည်ပြုလူနာတွေကို ဓာတ်ခွဲပြန်လည်စစ်ဆေးရာမှာဆိုရင် နှစ်ကြိမ်ဆက်တိုက် Negative ပြခဲ့ရင် ရောဂါပိုးကင်းစင်သူလို့သတ်မှတ်နိုင်တာလည်းဖြစ်ပါတယ်။

အခုလက်ရှိမှာ လူနာအမှတ် ၃၀ ဟာ Negative နှစ်ကြိမ်ဆက်တိုက်ပြတဲ့အခြေအနေမရှိသေးတာကြောင့် သူ့ကို ထပ်မံစစ်ဆေးမှုတွေ လုပ်ရဦးမယ်လို့လည်းဆိုပါတယ်။

လူနာအမှတ် ၃၀ ဟာ ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံက ICU ခန်းထဲမှာ တာဝန်ယူရတဲ့ မေ့ဆေးဆရာဝန်မကြီးတစ်ဦးဖြစ်ပြီး သူဟာ သေဆုံးသွားခဲ့တဲ့ ပေါက်ခေါင်းမြို့နယ်က လူနာအမှတ် ၁၇ ကိုကုသပေးခဲ့ရင်း ရောဂါကူးစက်ခံခဲ့ရတာပါ။

လူနာအမှတ် ၁၇ ရောဂါအခြေအနေဆိုးရွားလာချိန် ဆရာဝန်မကြီးနဲ့ အဖွဲ့ဟာ ICU ခန်းမှာ ကုသမှုပေးခဲ့စဉ် လူနာကို အသက်ရှုပိုက်တပ်ပေးဖို့ အတွက် PPE ဝတ်စုံက မျက်မှန်ကို ချွတ်ပြီး တပ်ပေးခဲ့တာကြောင် ရောဂါကူးစက်ခံခဲ့ရတာဖြစ်တယ်လို့လည်းသိရပါတယ်။

အဆိုပါ ဆရာဝန်မကြီးဟာ လူနာကို ကုသပေးရင်း ပထမဆုံးကူးစက်ခံခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းဖြစ်ပြီး သူနဲ့အတူ ပြည်မြို့က သူနာပြုနှစ်ဦးမှာလည်း ရောဂါပိုးထပ်မံံကူးစက်ခံခဲ့ရပါတယ်။

လက်ရှိတော့ သူတို့အားလုံး ဝေဘာဂီဆေးရုံမှာ ဆက်လက်ကုသမှုခံယူနေဆဲဖြစ်တယ်လို့လည်းသိရပါတယ်။

မြန်မာနိုင်ငံမှာ မေလ ၃ ရက်နေ့ မနက် ၈ နာရီအထိ ပိုးတွေ့လူနာ ၁၅၁ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၇ ဦးနဲ့ သေဆုံးသူ ၆ ဦးအထိရှိနေပါတယ်။

Share

Loading Next Article...
က္က