လာကစားခဲ့သူတွေ ရုန်းကန်ခဲ့ရတယ်လို့ ပြောဆိုခဲ့တာပါ။

မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်နည်းပြ ဝိန်းရွန်နီက မက်ဆီအနေနဲ့ မေဂျာလိဂ်မှာ လွယ်ကူမှာမဟုတ်ဘူးလို့ သတိပေးပြောဆိုလိုက်ပါတယ်။ မက်ဆီကတော့ ဒီနေ့မှာ အင်တာမိုင်ယာမီရဲ့ ကစားသမားသစ်အဖြစ် မိတ်ဆက်ခဲ့ပြီဖြစ်ကာ လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့မှာ ကစားမယ့် Cruz Azul နဲ့ ပွဲကို ပါဝင်ကစားဖွယ်ရာ ရှိနေပါတယ်။ 

ကိုယ်တိုင်လည်း ဒီစီယူနိုက်တက်မှာ ကစားခဲ့ဖူးတဲ့ ရွန်နီက မေဂျာလိဂ်ကို နာမည်ကျော်ကစားသမားအများအပြား လာကစားခဲ့ကြပေမယ့်လည်း အထိုင်ကျဖို့အတွက် အခက်တွေ့ခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ အတွေ့အကြုံနဲ့ ခိုင်းနှိုင်းပြီး ရွန်နီက မက်ဆီကို သတိပေးခဲ့ဟန်လည်း ရှိပါတယ်။ 

"ဒီမှာ သူ့အတွက်တော့ အရာရာတိုင်းက အဆင်သင့်ပါပဲ၊ သူ့အတွက်လည်း အသင်းဖော်တွေရှိတယ်၊ ဘက်ကွက်စ်နဲ့ အယ်လ်ဘာတို့လည်း အင်တာမိုင်ယာမီအတွက် လက်မှတ်ရေးထိုးခဲ့ပြီး အင်နီယေစတာနဲ့ ဆွာရက်ဇ်လည်း ရောက်လာနိုင်သေးတယ်၊ ပြီးတော့ သူနှစ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ နည်းပြမာတီနိုလည်း ရှိတယ်"

"ဒါပေမယ့် သူ ဒီမှာ လွယ်လွယ်နဲ့တော့ မရပါဘူး၊ ဒီလိဂ်က ခက်ခဲတဲ့လိဂ်တခုလို့ လာကစားတဲ့ ကစားသမားတွေကို မြင်ထားကြပါတယ်၊ ပွဲကစားဖို့ သွားလာရတာ၊ မြို့ချင်းမတူတဲ့ အနေအထားတွေ၊ ကွင်းထဲမှာလည်း စွမ်းအင်နဲ့ ပြင်းထန်မှုတွေက အများကြီးရှိနေတာပါ" လို့ ရွန်နီက ပြောဆိုခဲ့ပါတယ်။ 

ရွန်နီဟာ မန်ချက်စတာယူနိုက်တက်က ထွက်ခွာပြီးနောက် ဒီစီယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီး ၅၂ ပွဲကစားပေးခဲ့ကာ ၂၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် သူက အဲဗာတန်ကို ပြောင်းရွှေ့သွားခဲ့ပြီး ဒါဘီ၊ ဒါဘီနည်းပြအဖြစ် ကျင်လည်ခဲ့ကာ အခု ဒီစီယူနိုက်တက်နည်းပြအဖြစ် တာဝန်ယူနေပြီး ၂၀၂၅ အထိ စာချုပ်ချုပ်ဆိုထားပါတယ်။ 

Share

Loading Next Article...
က္က