မက်ဆီဟာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအတွက် ကစားပေးတဲ့နေရာမှာ ပြိုင်ဘက်အသင်းအချို့ရဲ့ မြက်ခင်းတုကွင်းတွေမှာ ကစားဖို့ ငြင်းဆန်ဖွယ်ရှိကြောင်း သိရှိရပါတယ်။ လက်ရှိအချိန်မှာ မေဂျာလိဂ်အသင်းအချို့က သူတို့ရဲ့ အိမ်ကွင်းတွေမှာ မြက်ခင်းတုသာ ခင်းထားတာဖြစ်ပါတယ်။
မက်ဆီဟာ မနေ့က မနက်က ကစားခဲ့တဲ့ ခရုဇ်အေဇူလ်နဲ့ လိဂ်ဖလားပွဲမှာ အင်တာမိုင်ယာမီအတွက် ပထမဆုံး ပါဝင်ကစားပေးခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးကို ဖရီးကစ်ကတစ်ဆင့် တိုက်ရိုက်ကန်သွင်းယူပေးနိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှု၊ ဒဏ်ရာကင်းဝေးရေးတို့အတွက် မြက်ခင်းတုကွင်းတွေမှာ ကစားဖို့ ငြင်းဆန်သွားဖွယ်ရှိကြောင်း ဒေးလီးမေးလ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မက်ဆီဟာ ကစားသမားဘဝရဲ့နေဝင်ချိန်ကို အင်တာမိုင်ယာမီမှာပဲ ဖြတ်သန်းသွားတော့မှာပါ။
မေဂျာလိဂ်အသင်းပိုင်ရှင်အချို့ကလည်း မက်ဆီ ဒဏ်ရာပြဿနာကင်းဝေးရေးအတွက် အသင်းရဲ့အိမ်ကွင်းမှာ မြက်ခင်းတုအစား မြက်ခင်းအစစ် ပြန်လည် ခင်းကျင်းပေးဖို့ ပြင်ဆင်နေကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ မက်ဆီကိုယ်တိုင်ကလည်း အဆိုပါ မြက်ခင်းတုကွင်းတွေမှာ မကစားလိုဘဲ ဒီကွင်းတွေက ကစားသမားတစ်ယောက်ကို ဒဏ်ရာရနိုင်ခြေ ပိုမို များပြားစေပါတယ်။
အင်တာမိုင်ယာမီရဲ့ ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်းကလည်း “ပရော်ဖက်ရှင်နယ် ကစားသမးတစ်ယောက်အနေနဲ့ မြက်ခင်းတုကွင်းမှာပဲ ဘောလုံး ကစားနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါမျိုးက ကစားသမားတစ်ယောက်အတွက် (၃) ရက်တစ်ပွဲ ကစားရတဲ့အခါမျိုးမှာ ပြဿနာရှိလာနိုင်ပါတယ်။ အသင်းတိုင်းက မြက်ခင်းအစစ် ခင်းထားသင့်တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး”
“မြက်ခင်းတုကွင်းမှာ ကစားသမားတစ်ယောက်ရဲ့ အမြင့်မားဆုံး စွမ်းဆောင်ရည်ကို မျှော်လင့်ဖို့ မဖြစ်နိုင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ မက်ဆီဟာ မကြာခင်မှာပဲ အင်တာမိုင်ယာမီအတွက် ပထမဆုံး ပွဲဦးထွက်ကို ပါဝင်ကစားပေးတော့မှာဖြစ်ပြီး မေဂျာလိဂ်မှာ မက်ဆီ ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်မလဲ စောင့်ကြည့်ရမှာပါ။