မေဂျာလိဂ်ကလပ် ၂၉ သင်းစလုံးက အာဂျင်တီးနားကြယ်ပွင့်ရဲ့ လစာကို မျှခံသွားမယ်လို့ သိရပါတယ်။

လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းကို ယခုနွေရာသီမှာ စွန့်ခွာပြီး မေဂျာလိဂ်ကို ပြောင်းရွှေ့မယ်ဆိုရင် ဘောလုံးသမိုင်းမှာ အထူးဆန်းဆုံး စာချုပ်တွေထဲက တစ်ခုကို ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းက လအနည်းငယ်သာ ကျန်ရှိတော့တာကြောင့် ကမ္ဘာ့အကောင်းဆုံးကစာသးမားတွေထဲက တစ်ဦးဖြစ်တဲ့မက်ဆီဟာ နှစ်အနည်းငယ်အတွင်း ဒုတိယအကြိမ် အလွတ်နဲ့ ထွက်ခွာခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီပရိသတ်တွေက အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေခဲ့ပေမယ့်လည်း လီဂူးဝမ်းအသင်းကြီးက လာမယ့်ရာသီကုန်အထိ အာဂျင်တီးနားကြယ်ပွင့်ကို ထိန်းသိမ်းထားချင်နေတာဖြစ်ပါတယ်။

 

လီယွန်နယ် မက်ဆီကို အသင်းဟောင်း ဘာစီလိုနာအသင်းကလည်း အချက် ၃ ချက်ကို သဘောတူမယ်ဆိုရင် ပြန်လည်ခေါ်ယူသွားချင်တဲ့ဆန္ဒရှိနေတယ်လို့ သိရပြီး နောက်ထပ် ရွေးချယ်စရာကတော့ မေဂျာလိဂ်ကို ပြောင်းရွှေ့ဖို့ ဖြစ်ပါတယ်။

မက်ဆီဟာ အင်တာ မိုင်ယာမီအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီပြီးသားဖြစ်တယ်လို့ ပြီးခဲ့တဲ့လအနည်းငယ်တုန်းက သတင်းထွက်ခဲ့ပေမယ့် အဲဒီလိုမျိုး မဟုတ်ခဲ့တာ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီအနေနဲ့ အမေရိကားကို ပြောင်းရွှေ့မှုက ဘောလုံးသမိုင်းမှာ အထူးဆန်းဆုံး အပြောင်းအရွှေ့ဖြစ်လာမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး SPORT ရဲ့ ဖော်ပြချက်အရ ဖေဖော်ဝါရီလကတည်းက သဘောတူညီမှု ရရှိထားပြီးဖြစ်ပြီး မေဂျာလိဂ်ကလပ် ၂၉ သင်းစလုံးက အာဂျင်တီးနားကြယ်ပွင့်ရဲ့ လစာကို မျှခံသွားမယ်လို့ သိရပါတယ်။

 

အသင်းတိုင်းက လီယွန်နယ် မက်ဆီအနေနဲ့ မေဂျာလိဂ်က ကလပ်အသင်း အသင်းတစ်သင်းအတွက် ကစားပေးမယ်ဆိုရင် လစာပမာဏမှာ ရာခိုင်နှုန်းတစ်ခုစီ ပေးချေသွားမှာဖြစ်ပြီး အာဂျင်တီးနားဂန္တဝင်ဟာ ဒေးဗစ် ဘက်ဟမ်းရဲ့ အင်တာမိုင်ယာမီအသင်းနဲ့ ရွေးချယ်မယ်လို့ ယူဆခြင်းခံထားရတာဖြစ်ပါတယ်။

 

ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားတိုက်စစ်မှူးကို အတ္တလန်းတစ်သမုဒ္ဒရာကို ခေါ်ယူနိုင်မယ်ဆိုရင် လိဂ်ထဲမှာ ရှိနေတဲ့ အသင်းတိုင်းရဲ့ စီးပွားရေးအတွက် အလွန်ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိလာလိမ့်မယ်လို့ ယုံကြည်နေကြတာဖြစ်ပါတယ်။

 

မက်ဆီသာ ရောက်လာခဲ့မယ်ဆိုရင် လက်မှတ်ခကအစ ရုပ်သံ ထုတ်လွှင့်ခွင့် စျေးနှုန်းတွေပါ တိုးမြှင့်နိုင်မှာဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမရှိဘဲ ပြဿနာတစ်ခုရှိတာက ဘယ်အသင်းက ဘယ်လောက် ပမာဏ ပေးမလဲဆိုတာ သေချာမသိရသေးတာဖြစ်ပြီး တကယ်လို့ အသင်းတစ်သင်းက ကစားသမားက အာဂျင်တီးနားကြယ်ပွင့်နဲ့ ယှဉ်ပြိုင်ကစားရင်း ဒဏ်ရာရအောင် လုပ်ခဲ့မိမယ်ဆိုရင် ၎င်းတို့အသင်းရဲ့ ရင်းနှီးမြှုပ်နှံမှုကို ထိခိုက်အောင် လုပ်သလို ဖြစ်လာမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က