Aroma Zulu Studio မှာတက်ရောက်သွားမှာဖြစ်ပါတယ်။

လက်ရှိမှာ DJ တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ သရုပ်ဆောင် မိုးအောင်ရင်က မိတ်ကပ်ပညာကိုပါ လေ့လာသွားမယ့်အကြောင်းကိုပြောပြလာပါတယ်။ 

"Aroma က ကိုအောင်မြတ်သူဆီမှာ မိတ်ကပ်သင်တန်းတက်ဖို့ ပြောထားတယ်။ သူက ကျွန်တော်အမွှေပြောတယ်ထင်လို့ သင်တန်းကို လုံးဝပေးမလာဘူး။ နောက်သင်တန်းဟာအတွက်တော့ ကျွန်တော့်ကို ခေါ်ပါဆိုတော့ သူ့ကိုသေချာရှင်းပြတယ်။ မင်းသားကနေ DJ ပြောင်း၊ DJ ကနေ မိတ်ကပ်ပြောင်းတော့မယ်လို့ သူက ထင်သွားတာ၊ တကယ်တော့ မဟုတ်ပါဘူး။ ကျွန်တော်အတွေးက ဒီလိုဗျ၊ သရုပ်ဆောင်လုပ်တာဖြစ်တဲ့အတွက် ကိုယ့်ဘာသာကိုယ်လည်း မိတ်ကပ်လိမ်းချင်လိမ်းရမယ်။ သူများလိမ်းတယ်ဆိုရင်တောင်မှ တချို့နေရာလေးက ကိုယ်ကပြန်ကြည့်တဲ့အခါမှာ ဒီနားလေးတော့ ငါဘယ်လိုလေးတော့လုပ်ချင်တယ်ပေ့ါ၊ ဘယ် jaw လိုင်းလေးပေါ်ချင်တယ်လို့၊ မေးရိုးဘယ်လိုချမယ်ဆိုတာ ကျွန်တော်ကမသိရင် သူ့ကို ကျွန်တော်ပြောလို့မရဘူးလေ။ ဘယ်အရောင်လေး သုံးမယ် ဆိုတာမျိုးပေါ့၊ ကျွန်တော်နားလည်ထားချင်တယ်။ နားလည်ထားလို့ရှိရင် နောက်ဆုံးဘယ်သူမှ မရှိရင် ကိုယ့်ဘာသာကိုယ် လိမ်းတတ်တယ်။ ကိုယ့်ဘာသာကိုယ်မလိမ်းလို့ သူများProfessional လိမ်းပေးမယ် ဆိုလို့ရှိရင်လည်း ကျွန်တော်နားလည်လို့ရှိရင် ကိုယ်မကြိုက်တာလေး ပြင်လို့ရအောင်လောက် Basic လေး သိချင်တာပါ။ "လို့ သရုပ်ဆောင်မိုးအောင်ရင်က မိတ်ကပ်ပညာကို သင်ယူချင်တဲ့ သူ့ရဲ့စိတ်ကို ပြောပြလာပါတယ်။ 

Photo-Moe Aung Yin

Aroma က ဖွင့်လှစ်မယ့် မိတ်ကပ်သင်တန်း ဒုတိယမြောက်သင်တန်းမှာ တက်ဖို့ မိုးအောင်ရင်က တောင်းဆိုပြီး Aroma ဘက်ကလည်း သင်တန်းဖွင့်လှစမိုးအောင်ရင်ကို သင်ပြပေးမှာဖြစ်ပါတယ်။ 

"အဲဒီလိုပြောတော့မှ သူကလည်းအိုခေ ဒုတိယအသုတ်သင်တန်းကျရင်တော့ ခေါ်မယ်ပြောတာပဲ၊ တချို့ဟာကျ ကိုယ်က နားမလည်လို့ရှိရင် ကိုယ့်ကို ဒါကိုလိမ်းထားပေမယ့် ကိုယ်မကြိုက်တာပဲရှိတာ၊ ဒါကိုမကြိုက်ဘူး လုပ်ပါဦး၊ ကျွန်တော်မကြိုက်ဘူးဆိုရင် သူက မေးမှာလေ၊ ဘယ်လိုပြင်ချင်လဲဆိုရင် ကိုယ်မပြောတတ်ရင် အဆင်မပြေဘူး၊ ဘယ်အရာမဆို ကိုယ်သိထားရင် ဥပမာ ကင်မရာပိုင်းဆိုရင်လည်း ကိုယ်က သရုပ်ဆောင်တစ်ေယောက်ဖြစ်တဲ့အတွက် သိထားသင့်တယ်။ အစစအရာရာသိထားသင့်တယ်။ ကျွန်တော်က အ ခုနောက်ပိုင်းအနုပညာသမားဆိုတာထက် အနုပညာရှင် ဖြစ်ချင်လာတာ" လို့လည်း မိုးအောင်ရင်က ပြောပြလာပါတယ်။  

Photo-Moe Aung Yin

သရုပ်ဆောင်မိုးအောင်ရင်ကတော့ လက်ရှိမှာ DJ တစ်ဦးအဖြစ်ရပ်တည်နေသူလည်းဖြစ်ပြီး DJ Sai ဆိုတဲ့နာမည်နဲ့လည်း ပရိသတ်တွေအကြားနာမည်ကြီးနေသူလည်း ဖြစ်ပါတယ်။ 

" DJ ကို ကျွန်တော်က ၂၀၁၅လောက်ကတည်းက စလေ့လာနေတာ။ အဲ့ခေတ်ကနာမည်ကြီး DJ သမားတွေအခုထိလဲ အောင်မြင်နေဆဲ DJ သမားတွေကျွန်တော့်အကြောင်း သိကြတယ်။ အငယ်တွေသာ မသိကြတာ၊ ကျွန်တော်ကလည်း အလယ်မှာ ၃နှစ်လောက်က ခရီးထွက်သွားတာဆိုတော့ မန္တလေးက Club တွေ Bar တွေ မှာကို စင်ပေါ်မှာကို တက်တီးဖူးတယ်။ ဒါပေမယ့် အဲ့ဒီတုန်းကမပေါက်ဖူးပေ့ါနော်။ အခုကျမှ ရုတ်တရက်ကြီးထပေါက်တာ။ Sai ဆိုတဲ့နာမည်ကလည်း အိမ်နာမည်က စိုင်းစိုင်းမို့လို့ DJ Sai ဆိုပြီး ပေးလိုက်တာ" ဆိုပြီး မိုးအောင်ရင်က DJ လိုင်းကိုပြောင်းဖြစ်တဲ့အကြောင်းကို ပြောပြလာပါတယ်။ 

Photo-Moe Aung Yin

သရုပ်ဆောင် မိုးအောင်ရင်က သရုပ်ဆောင်အောင်ရင်ရဲ့ သားကြီးဖြစ်ပြီး ညီမတစ်ယောက်ရှိပါတယ်။ ဖခင်ရဲ့ သွေးအပြည့်ပါပြီး အနုပညာဝါသနာကြီးတဲ့ မိုးအောင်ရင်က ၂၀၀၇ ခုနှစ်မှာ အင်္ဂလန်ကို ဒါရိုက်တာပညာသင်ကြားဖို့ စီစဥ်ခဲ့ပေမဲ့ Lucky Seven ဗီဒီယိုထုတ်လုပ်ရေးက ရုပ်ရှင်ကား ၇၀ စာချုပ်ချုပ်ဖို့ ကမ်းလှမ်းလာတဲ့အတွက် ကျောင်းသွားတက်မယ့် အစီအစဥ်ကို ဖျက်ခဲ့သူဖြစ်ပါတယ်။

သရုပ်ဆောင် မိုးအောင်ရင်ဟာ အနုပညာလောကမှာ အောင်မြင်မှုအထွတ်အထိပ်ရောက်နေဆဲအချိန် ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ်ချမှတ်ခံခဲ့ရပေမဲ့ ၂၀၁၉ ခုနှစ် မေလ ၇ ရက်နေ့မှာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ခဲ့သူဖြစ်ပါတယ်။ ထောင်ကလွတ်မြောက်လာပြီးတဲ့နောက် အနုပညာအလုပ်တွေ ဆက်လုပ်ကာ ၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်ဝင်ရောက်လာခဲ့ချိန်ကစလို့ တခြားအနုပညာရှင်များနည်းတူပဲ မိုးအောင်ရင်ရဲ့ အနုပညာအလုပ်တွေ ရပ်တန့်သွားခဲ့ပါတယ်။ ပရိသတ်နဲ့ အမြဲထိတွေ့မှုရှိချင်တဲ့ မိုးအောင်ရင်ဟာ ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းမှာပဲ Moe's Favorite Food အမည်နဲ့ အသုပ်၊ စားသောက်ဖွယ်ရာများ စတင်ရောင်းချခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ DJ Sai အမည်နဲ့ DJ အလုပ်ကိုပါ တွဲဖက်လုပ်ကိုင်နေတာ တွေ့ရပါတယ်။

Share

Loading Next Article...
က္က