အိမ်တွင်းအကြမ်းဖက်မှုတွေ များလာပြီး အိမ်တွင်းအကြမ်းဖက်မှုတိုင်းမှာလည်း မိန်းကလေးတွေချည်း ခံနေရတဲ့ အဖြစ်အပျက်တွေ များစွာ ရှိနေတာကြောင့် မိန်းကလေးတွေကို တန်ဖိုးထားကာကွယ်ပေးဖို့ သူမက ပြောပြထားတာပါ။
Photo : ထိုက်ထိုက် FB
အဆိုတော် ထိုက်ထိုက်က ဒီနေ့(မတ်လ၈ရက်) မှာ ကျရောက်တဲ့ “အမျိုးသမီးများ” နေ့လေးမှာ မိန်းကလေးတွေကို တန်ဖိုးထားပေးဖို့အတွက် ပို့စ်လေး တစ်ခု တင်ပြီး တောင်းဆိုထားတာပါ။
သူမကိုယ်တိုင် အိမ်ထောင်ရှင် အမျိုးသမီး တစ်ယောက်ဖြစ်သလို အိမ်တွင်းအကြမ်းဖက်မှုတွေ များလာပြီး အိမ်တွင်းအကြမ်းဖက်မှုတိုင်းမှာလည်း မိန်းကလေးတွေချည်း ခံနေရတဲ့ အဖြစ်အပျက်တွေ များစွာ ရှိနေတာကြောင့် မိန်းကလေးတွေကို တန်ဖိုးထားကာကွယ်ပေးဖို့ သူမက ပြောပြထားတာပါ။
ဆက်လက်ပြီးတော့လည်း မိန်းကလေးတွေကို တန်ဖိုးထားပေးဖို့ အကြောင်းကိုလည်း ယခုလို အချက်အလက်လေးတွေနဲ့ ပြောထားပါသေးတယ်။
“သမီးမိန်းကလေးနဲ့သားယောက်ျားလေးမှာ မိဘကိုသိတတ်မှု အများဆုံးက မိန်းကလေးတွေပါ။ ဒါကြောင့် မိန်ကလေးတွေကို တန်ဖိုးထားပေးခြင်းဖြင့် ပိုဂရုစိုက်ပေးပါ ။ အိမ်မှုကိစ္စနိုင်နင်းသည်ဖြစ်စေ မနိုင်နင်းသည်ဖြစ်စေ ဖောက်ပြန်ခြင်းကို ခံရတာဟာ မိန်းကလေးအများစုပါ “ ဒါကြောင့် မိန်းကလေးတွေကို တန်ဖိုးထားခြင်းဖြင့် ပိုကိုယ်ချင်းစာပေးပါ။ ဓမ္မတာလာခြင်း ၊ ကိုယ်ဝန်ဆောင်ခြင်း ၊ ကလေးဒါဏ်ကို အများဆုံးခံရခြင်းက အမေတွေဖြစ်တဲ့ မိန်းကလေးတွေချည်းပါ ။ “ ဒါကြောင့် မိန်းကလေးတွေကို တန်ဖိုးထားခြင်းဖြင့် ပိုသနားပေးပါ “ ဆိုပြီး သူမရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ် စာမျက်နှာ ထက်မှာ ရေးသားထားတာပါ။
Photo : ထိုက်ထိုက် FB
ဒါ့အပြင် ယနေ့ခေတ်မှာ Single Father တွေထက် Single Mother တွေ များစွာပေါ်ပေါက်လာတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့်လည်း မိန်းကလေးတွေကို တန်ဖိုးထားခြင်းဖြင့် ပိုမို ဖေးမကူညီပေးဖို့ကိုလည်း ပြောထားပါသေးတယ်။
အဆိုတော် ထိုက်ထိုက်ဟာ “Me N Ma Girls” အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ပါတယ်။ သူမဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေ ပရိသတ်တွေ အားပေးမှုရရှိလာခဲ့ပြီး “Oh My God” နဲ့ “ချစ်တယ်” တကိုယ်တော်တေးစီးရီး ထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ ထိုက်ထိုက်ဟာ ယခုလက်ရှိမှာ Future of childrenဆိုတဲ့ ပရဟိတအဖွဲ့တစ်ခုကို တည်ထောင်ပြီး မိဘမဲ့ကလေးငယ်တွေ ၊ မသန်မစွမ်းကလေးတွေ ၊ မျက်မမြင်ကလေးတွေ နဲ့ HIVကူးစက်ခံနေရတဲ့ကလေးတွေ ကို လစဥ်လှူဒါန်းပေးနေသလို လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းမှုတွေ ပြုပေးနေတာ တွေ့ရပါတယ်။
လက်ရှိမှာ အဆိုတော် ထိုက်ထိုက်ဟာ သာယာတဲ့ အိမ်ထောင်ရေးလေးတစ်ခုကို ထူထောင်ထားသူဖြစ်ပြီး အနုပညာအလုပ်တွေကို ခဏနားထားကာ Made In Myanmar Hand Made Product တွေကို ရောင်းချနေပါတယ်။