prototype မှာုတုန်းက ၂၉၉၉ ဒေါ်လာဈေးနဲ့ရောင်းချခဲ့ပါတယ်။

ကမ္ဘာ့ပထမဆုံး port နဲ့button လုံးလုံး မပါတဲ့ Meizu Zero ကတော့ အွန်လိုင်းပေါ်က ရန်ပုံငွေရှာတဲ့ Indiegogo ပေါ် ဒေါ်လာ ၁၃၀၀ နီးပါး ဈေးနဲ့ရောင်းချနေပြီ ဖြစ်ပါတယ်။

Photo: Business Insider



         Indiegogo ဟာ ဆန်းသစ်ထူးခြားတဲ့ နည်းပညာထုတ်ကုန်သစ်တွေကို ဈေးကွက်ဖောက်ပေးဖို့အွန်လိုင်းပေါ်ကနေ လူတွေရဲ့ ရန်ပုံငွေစုပေးတဲ့ နိုင်ငံတကာ ရန်ပုံငွေဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ Meizu ဟာ ဒီဖုန်းရဲ့ နမူနာ prototype ဗားရှင်းကို Indiegogo မှာ ၂၉၉၉ ဒေါ်လာနဲ့ရောင်းချခဲ့ပြီး ဒီမော်ဒယ်ကတော့ ရောင်းထွက်သွားပြီလို့ဆိုပါတယ်။

         Meizu Zero ဟာ စမတ်ဖုန်းလောကမှာ စပီကာပေါက်အပါအဝင် ဘယ်လို အပေါက် ၊ ဘယ်လို ခလုတ်မျိုးမှ မသုံးတဲ့ ပထမဆုံး ဖုန်းဖြစ်ပါတယ်။ နောက်ဆုံး အားသွင်းတဲ့ port တောင် မပါတော့ပါဘူး။ Meizu Zero ဟာ မျက်နှာပြင် ၅.၉၉ လက်မရှိပြီး မှန်ပြင်အောက် လက်ဗွေစနစ် သုံးနိုင်စေဖို့Super AMOLED display ကို သုံးထားပါတယ်။

         စပီကာအတွက်လည်း speaker holes တွေ မထားဘဲ မှန်ပြင်အောက်ကနေ အသံထွက်တဲ့ piezoelectric အသံနည်းပညာနဲ့လာတာ ဖြစ်ပါတယ်။ ဖုန်းပါဝါ နဲ့အသံတိုး/အလျှော့ခလုတ်များနေရာမှာ ကိုယ်ထည်ကို ဖိညှစ်ပြီး သုံးနိုင်မယ့် touch sensitive လို့ခေါ်တဲ့ အထိအတွေ့သိစနစ်ကို ပြောင်းလဲ အသုံးပြုထားပါတယ်။

         


စပီကာ နဲ့buttons တွေ ဖြုတ်ထားတဲ့အပြင် SIM slot အတွက်လည်း eSIM ကို ပြောင်းသုံးထားတာ ဖြစ်လို့physical SIM card ထည့်စရာ မလိုတော့တဲ့ ဖုန်း ဖြစ်ပါတယ်။ ဘက်ထရီပါဝါ ဘယ်လောက် သုံးထားသလဲဆိုတဲ့ အချက်မသိရသေးပေမယ့် ဒီဖုန်းမှာ အားသွင်းကြိုးပေါက်မပါတာတော့ သေချာပါတယ်။အားသွင်းဖို့အတွက် Meizu ရဲ့ ကိုယ်ပိုင် ကြိုးမဲ့အားသွင်းနည်းပညာ ဖြစ်တဲ့ 18W Super mCharge Wireless စနစ်ကို သုံးထားပါတယ်။

         ဒီဖုန်းဟာ Snapdragon 845 Processor နဲ့အတူ RAM 6GB / 128GB storage အထိ သုံးထားပြီး အမြင့်ဆုံး ရေစိုခံနှုန်းဖြစ်တဲ့ IP68 rating ရတဲ့ ရေလုံဖုန်းလည်း ဖြစ်ပါတယ်။ ကင်မရာစနစ်အနေနဲ့20MP ဆယ်လ်ဖီကင်မရာ ၊ ကျောဘက် Sony ရဲ့ IMX 380 နဲ့IMX 350 AI sensors တွေ ပါဝင်တဲ့ 12MP + 20MP ကင်မရာနှစ်လုံးတွဲ သုံးထားပါတယ်။         

Indiegogo ရန်ပုံငွေကနေ Meizu Zero အလုံးရေ ၁၀၀ ကျော် ရောင်းချရဖို့ရှိပြီး အနည်းဆုံး ဒေါ်လာ ၁ သိန်းကျော် ဝင်ဖို့မျှော်လင့်ထားတယ်လို့ဆိုပါတယ်။ Meizu ဟာ ၂၀၁၆ ခုနှစ်ကလည်း Indiegogo ပေါ်ကနေ ကြိုးမဲ့စပီကာတစ်လုံး ရောင်းချခဲ့ဖူးတာကြောင့် နောက်ပိုင်းထွက် ဖုန်းသစ်တွေကိုလည်း ဒီပလက်ဖောင်းပေါ်ကနေ ရောင်းချသွားဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က