Meizu ဟာ တစ်နှစ်စမတ်ဖုန်းတင်ပို့မှု ၁ သန်းအောက်ပဲ ရှိနေပါတယ်

တရုတ်ကားကုမ္ပဏီ Geely ဟာ ၂၀၂၃ ခုနှစ်မှာ ပထမဆုံးစမတ်ဖုန်းတွေ ထုတ်လုပ်ပြီး ဈေးကွက်ထဲ ဝင်ရောက်လာဖို့ ရှိပါတယ်။

Lotus ၊ Volvo နဲ့ Polestar တို့လို ကားအမှတ်တံဆိပ်တွေကို ပိုင်ဆိုင်တဲ့ Geely ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကတည်းက စမတ်ဖုန်းစီးပွားရေးထဲ ဝင်မယ်လို့ သတင်းတွေ ထွက်နေခဲ့တာပါ။ တရုတ်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ 36Krypton မှာတော့ Geely ဟာ Meizu ဖုန်းလုပ်ငန်းကို ဝယ်ယူသွားဖို့ စီစဉ်နေတယ်လို့ ဖော်ပြထားပါတယ်။ Meizu ကုမ္ပဏီဟာ ၂၀၀၃ ခုနှစ်မှာ MP3 / MP4 Players ထုတ်လုပ်သူအဖြစ် စတင်ခဲ့ပြီး ၂၀၀၈ ခုနှစ်က စလို့ စမတ်ဖုန်းစီးပွားရေးလောကထဲ ဝင်ရောက်ခဲ့တဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။



Photo: GSMArena


Geely အနေနဲ့ Meizu ကို ဘယ်လောက်ပေးပြီး ဝယ်ဖို့ စီစဉ်နေသလဲ မသိရသလို နှစ်ဘက်ပြောရေးဆိုခွင့်ရှိသူတွေကလည်း ဒီအချက်ကို မှတ်ချက်ချဖို့ ငြင်းဆန်ထားပါတယ်။ သတင်းတွေအရ Geely ဟာ စမတ်ဖုန်းလုပ်ငန်းသစ်အတွက် ယွမ် ၁၀ ဘီလျံ (ဒေါ်လာ ၁.၅ ဘီလျံ) နီးပါး ရင်းနှီးမြှပ်နှံထားပြီး ဒီရင်းနှီးမြှပ်နှံမှုထဲမှာ Meizu ကို ဝယ်ယူဖို့ သုံးမယ့်စရိတ် ပါဝင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလောက်ကတည်းက Geely ဟာ Premium စမတ်ဖုန်းလောကထဲ ဝင်မယ့်အကြောင်း သတင်းတွေ ထုတ်ပြန်ခဲ့ပြီး Hubei Xingji Shidai Technology နာမည်နဲ့ ကုမ္ပဏီသစ်ပါ တည်ထောင်ခဲ့ပါတယ်။ ဝူဟန်မှာ ရုံးချုပ်တည်ရှိမယ့် ဒီကုမ္ပဏီမှာ ZTE ၊ Xiaomi နဲ့ OPPO တို့မှ ထိပ်ပိုင်းအမှုဆောင်အရာရှိတချို့ ပါဝင်မှာ ဖြစ်ပြီး Premium စမတ်ဖုန်းသစ် ဖွံ့ဖြိုးရးနဲ့ဈေးကွက်ဆိုင်ရာ လုပ်ငန်းလည်ပတ်မှုတွေ လုပ်ဆောင်သွားမှာပါ။ Geely ဟာ ဖုန်းထုတ်လုပ်ဖို့အတွက်လည်း ပါတနာတစ်ဦးရှာနေပြီး Foxconn ကို အဓိကရွေးချယ်ဖြစ်ဖို့ ရှိနေပါတယ်။

ကုမ္ပဏီသက်တမ်း နှစ် ၂၀ နီးပါးရှိပေမယ့် Meizu ဟာ တစ်နှစ်စမတ်ဖုန်းတင်ပို့မှု ၁ သန်းအောက်ပဲ ရှိနေပြီး ထိပ်တန်းဖုန်းကုမ္ပဏီစာရင်းမှာ ရောက်ရှိလာခြင်း မရှိခဲ့ပါဘူး။ မအောင်မြင်တဲ့ မားကတ်တင်းကမ်ပိန်းတွေနဲ့ OIS Modules အကန့်အသတ်နဲ့ ထုတ်လုပ်နိုင်မှုတွေက Meizu ရဲ့ အဓိကပြဿနာတွေလို့ ပြောကြပါတယ်။ Meizu ဟာ ပြီးခဲ့တဲ့နှစ် မတ်လထဲမှာ ads နဲ့ pre-installed apps တွေ မပါတဲ့ Meizu 18 ဖုန်းသစ်ကို ထုတ်ခဲ့ပေမယ့် သိပ်ပြီး လူကြိုက်များခြင်း မရှိခဲ့ပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က