ချန်ပီယံလိဂ်မှာရင်ဆိုင်ရတော့မယ်ဆိုတာ သိသိချင်းပဲ ဂျာစီလက်ဦးမှုရဖို့ လုပ်ခဲ့တာပါ။

အစ္စရေးကလပ် မက္ကာဘီဟိုင်ဖာအသင်းကတော့ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရရှိထားတဲ့ အသင်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်ကို ခြေစစ်ပွဲဒုတိယအဆင့်ကနေ စတင်ပြီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အိုလံပီယာကော့စ်၊ အပိုလွန်၊ ဇဗက်ဒါတို့ကို ဆက်တိုက်အနိုင်ယူကျော်ဖြတ်ခဲ့ပြီး အုပ်စုအဆင့်ကို ဝင်ရောက်ခွင့်ရယူနိုင်ခဲ့ကာ ဥရောပမှာ တကျော့ပြန်ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ 

မနေ့ညမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲမှုတွေပြုလုပ်ခဲ့ပြီးနောက် မက္ကာဘီဟိုင်ဖာက ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ်၊ ဘင်ဖီကာတို့နဲ့ တအုပ်စုတည်းကျရောက်ခဲ့ပါတယ်။ သူတို့အတွက်တော့ ဒီအုပ်စုက တော်တော်လေးကျပ်တယ်လို့ဆိုရမှာဖြစ်ပြီး အုပ်စုအဆင့်က တက်ရောက်နိုင်ဖို့ထက် ယူရိုပါလိဂ်ကို ဆင်းကန်ခွင့်ရဖို့ကိုသာ ပိုမိုအားထုတ်ရမယ့် အခြေအနေမှာရှိနေပါတယ်။ 

ဒါပေမယ့် မက္ကာဘီဟိုင်ဖာကစားသမားတွေကတော့ မနေ့က အုပ်စုအဆင့်အတွက် မဲခွဲမှုတွေအပြီး နေမာနဲ့ မက်ဆီတို့ဆီကနေ ဂျာစီရနိုင်မလားလို့ အရင်တောင်းဆိုနေခဲ့ပြီဖြစ်ပါတယ်။ သူတို့က ပီအက်စ်ဂျီနဲ့ အိမ်ကွင်း/အဝေးကွင်း နှစ်ပွဲအထိကစားရမှာဖြစ်ကာ မက်ဆီ၊ နေမာ၊ ဘတ်ပီတို့နဲ့ ရင်ဆိုင်ခွင့်ရမယ့်အပြင် ကံကောင်းရင် အဆိုပါကစားသမားတွေရဲ့ ဂျာစီကိုတောင် အမှတ်တရအဖြစ် ရယူနိုင်တော့မှာလည်းဖြစ်ပါတယ်။ 

မက္ကာဘီဟိုင်ဖာ ကစားသမားနှစ်ဦးက ဓာတ်ပုံအတူရိုက်ခဲ့ကာ အင်စတာဂရမ်မှာဖော်ပြခဲ့ပြီး "က​ျေးဇူးပြုပြီး ဂျာစီရနိုင်မလား" ဆိုကာ မက်ဆီနဲ့ နေမာတို့ရဲ့ လူမှုကွန်ယက်အကောင့်တွေကို Tag လုပ်ကာ ပြောဆိုခဲ့ပါတယ်။ ကန်တောင်မကန်ရသေးချိန်မှာပဲ ဂျာစီရဖို့အတွက် အရင်ဆုံးကြိုးစားခဲ့ပြီး ဒီအပေါ်မှာတော့ ပရိသတ်တွေရဲ့ အမြင်နဲ့ ဝေဖန်မှုအမျိုးမျိုးရှိခဲ့ပါတယ်။ 

ပရိသတ်တချို့ကတော့ အသင်းအတွက်အာရုံမစိုက်ဘဲ ဂျာစီကိုပဲ အာရုံစိုက်ခဲ့လို့ အပြစ်တင်ခဲ့ပြီး အခြားပရိသတ်တချို့ကတော့ နာမည်ကျော်ကစားသမားတွေနဲ့ ရင်ဆိုင်ရမယ့်အချိန်မှာ အမှတ်တရအဖြစ် ဂျာစီလိုချင်တာသာဖြစ်မယ်လို့ ဆိုခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က