နယ်စပ်ဂိတ်၃ခုကနေ ဝင်ရောက်လာတာပါ။

နောက်ရက်တွေမှာလည်း ဆက်လက်ဝင်ရောက်လာဖို့ရှိနေပြီး ပြန်ဝင်လာသူအားလုံးကို Quarantine စုစုပေါင်း ၂၈ရက်ဝင်ဖို့ အစိုးရက ညွှန်ကြားထားပါတယ်။

ဓာတ်ပုံ - Thaung Tun Facebook



မေလ ၁ရက်တည်းမှာပဲ မြန်မာနိုင်ငံကို နယ်စပ်ဒေသများကတဆင့် ပြန်ဝင်လာတဲ့ ပြည်တော်ပြန် အရေအတွက် ၉၀၀ ဝန်းကျင်ခန့်ရှိနေကြောင်းကို နယ်စပ် ၃ နေရာက ဝင်လာတဲ့ အရေအတွက်များအရ သိရပါတယ်။

နယ်စပ်ဂိတ်တွေ ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်က နန်းတော်ဂိတ်၊တရုတ်-မြန်မာနယ်စပ်နောက်ထပ် တစ်ခုဖြစ်တဲ့ မိုင်းလားဂိတ်နဲ့ ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ မြဝတီတို့မှ အသီးသီးဝင်ရောက်လာကြတာပါ။

မူဆယ်ဖက်ကတော့ ဒီနေ့မှာ ပြည်တော်ပြန် ၂၇၀ကျော် ၂၈၀ ဝန်းကျင်လောက်ရှိပြီး မနေ့က ဧပြီလ ၃၀ရက် ကတော့ ၅၇၀လောက်ပြန်ဝင်ခဲ့တယ်လို့ နယ်စပ်ဂိတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဂရုဏာလူမှုကူညီရေးအသင်း ဥက္ကဌ ဦးသောင်းထွန်းက Duwunကိုပြောပါတယ်။

မူဆယ်ဂိတ်ကနေ ပြန်ဝင်လာသူတွေကို ကျန်းမာရေးဌာနဲ့လဝကတို့ပူးပေါင်းပြီး စစ်ဆေးမှုတွေ ပြုလုပ်ကာ Quarantine ဝင်ဖို့ လိုအပ်သူတွေကိုလည်း မူဆယ်မှာQuarantine ထားရှိဆောင်ရွက်လျက်ရှိပြီး နေထိုင်၊စား သောက်စရိတ်ငြိမ်းနဲ့ သက်ဆိုင်ရာဒေသကိုပြန်ဖို့အတွက်လည်း မူဆယ်မြို့က သက်ဆိုင် ရာတာဝန်ရှိသူတွေက ကားစီစဥ်ပေးထားတယ်လို့ ဦးသောင်းထွန်းရဲ့ ပြောပြချက်အရသိရပါသေးတယ်။

နောက်ထပ် တရုတ်-မြန်မာနယ်စပ်တစ်ခုဖြစ်တဲ့ မိုင်းလားဖက်ကနေလည်း ဒီကနေ မေလ ၁ရက်နေ့မှာ ပြန်ဝင်လာသူ ၅၆၆ဦးရှိပြီး ဒီတစ်ကြိမ်ပြန်လာသူတွေက ဒုတိယအသုတ်အဖြစ် ပေးဝင်တဲ့အသုတ်လို့လည်းသိရပါတယ်။

ပထမအသုတ်တုန်းက စုစုပေါင်း ၂၇၇ဦးပြန်လာခဲ့တယ်လို့သိရပြီး နောက်ထပ် ဝင်လာဖို့အတွက် မိုင်းလားဒေသမှာ Quarantine ဝင်နေသူပေါင်း ၃၀၀၀ကျော်ရှိနေသလို ၂၀၀၀ကျော်လည်း နေရပ်ပြန်ဖို့ ရှိနေသေးကြောင်း ရှမ်းပြည် နယ် အစိုးရအဖွဲ့ကတဆင့် သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ မြဝတီဖက်ကနေလည်း ဒီကနေ့မှာ အယောက် ၆၀လောက်ပြန်လာတယ်လို့သိရပြီး ပဲခူးတိုင်းကိုပြန်မယ့်သူ ၃၄ဦး၊မွန်ပြည်နယ်ကိုပြန်မယ့်သူ ၁၀တို့ကိုတော့ သက်ဆိုင်ရာ Quarantine နေရာတွေကို ပိုဆောင်ခဲ့ပြီး ကျန်တဲ့တိုင်းနဲ့ပြည်နယ်က လူအချို့ကိုတော့ မြဝတီက Quarantine နေရာမှာ ထားရှိထားတယ်လို့ လည်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က Duwunကိုပြောပါတယ်။

မနက်ဖြန်မှာလည်း နယ်စပ်ဂိတ်တွေကတဆင့် ထပ်မံဝင်ရောက်လာဖို့ရှိနေကြပြီး အစိုးရအနေနဲ့ ပြန်ဝင်လာသူအား လုံးကို သက်ဆိုင်ရာ နေရာဒေသတွေမှာ ၂၁ရက် Quarantine ဝင်ပြီးနောက် နေအိမ်မှာပါ နောက်ထပ် ၇ ရက် စုစုပေါင်း ၂၈ရက်အသွားအလာကန့်သတ်ခြင်းကို လိုက်နာဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က