မန္တလေးမြို့ ၆၆ လမ်းကျုံးဘေးက ပလက်ဖောင်းကို သင်္ကြန်အကြိုနေ့မှာ ဖွင့်လှစ်ပေးတော့မယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။
Photo - Ye Lwin FB
မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကလည်း" သင်္ကြန်ရက်အတွင်း အပျက်အဆီး အနည်းဆုံးဖြစ်အောင်ကြိုးစားထားပါတယ်။ လုံခြုံရေးကို အရပ်ဝတ်နဲ့ပါ အပြည့်အဝ တာဝန်ချထားမှာပါ။ CCTV တွေလည်း ပလက်ဖောင်းရော လမ်းလယ်မီးတိုင်မှာပါ တပ်ဆင်ထားပြီး Control room ကနေ ၂၄ နာရီ စောင့်ကြည့်မှာပါ"လို့ သူရဲ့လူမှုကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။
ယခုနှစ်မှာ အညာသင်္ကြန်နဲ့ တောသင်္ကြန်ကို ၆၆ လမ်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ အညာသင်္ကြန်မှာ လာရောက်လည်ပတ်သူတွေ အချင်းချင်း ရေကစားနိုင်ဖို့ စီစဉ်ထားသလို သင်္ကြန်ရက်အတွင်း နေ့လယ်စာနဲ့ညစာ အလွယ်တကူစားသုံးနိုင်ဖို့ တောသင်္ကြန်မှာ ဆိုင်ပေါင်း ၃၀၉ ဆိုင်အတွက် နေရာပေးထားတယ်လို့ သိရပါတယ်။
Photo - Ye Lwin FB
အဆိုပါ ကျုံးဘေးပလက်ဖောင်းမှာ ပုဏ္ဏရိပ်ပင်တွေကို အဖြူရောင်၊ အဝါရောင်၊ ပန်းရောင်နဲ့ အနီရောင် ပန်းပင်တန်း ၄ တန်း စိုက်ပျိုးအလှဆင်ထားပါတယ်။ ဒါ့အပြင် Flower Box မှာစိုက်မယ့် စိန်ပန်းပင်၊ သပြေ၊ ငုပင်(လုံးပတ် ၁၅ )ပေအမြင့် အပင်တွေကို ထိုင်းနိုင်ငံကနေ သယ်ယူစိုက်ပျိုးထားတာပါ။ ၂ ယောက်ထိုင်ခုံတွေကိုလည်း ချထားပေးပြီး လူကြီးတွေ အနားယူနိုင်ဖို့လို့ဆိုပါတယ်။