လဝက ဥပဒေနဲ့ထောင်ကျနေသူတွေပါ။
မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ နိုင်ငံတော်သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ မန္တလေး ဗဟိုအကျဉ်းထောင်ကနေ လွတ်မြောက်လာကြတဲ့ အကျဉ်းသားတွေမှာ လဝကအက်ဥပဒေနဲ့ ထောင်ကျခံရတဲ့ တရုတ်နိုင်ငံသားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

" နိုင်ငံခြားသားသုံးဦး(လွတ်မြောက်တဲ့အထဲ)ပါပါတယ်၊ လဝကဥပဒေ ၁၃(၁)အရ အရေးယူခံထားရတဲ့ နိုင်ငံခြားသားတွေဖြစ်ပါတယ်၊ ဗီဇာ ဖောက်ဖျက်မှုနဲ့ အရေးယူခံထားရတာပါ၊ သူတို့ကို သမ္မတကြီးက လွှတ်ပေးတာဖြစ်ပါတယ်" လို့ မန္တလေး ဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဦးချိုဝင်းထွန်းက Duwun ကို ပြောပါတယ်။



ှစ်သစ်အခါသမယမှာ နိုင်ငံတော်သမ္မတက မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေကြရတဲ့ နိုင်ငံခြားသားအကျဉ်းသား ၁၆ ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြည်နှင်ဒဏ်ပေးလိုက်ရာမှာ မန္တလေးဗဟိုအကျဉ်းထောင်ကနေ တရုတ်နိုင်ငံသားအကျဉ်းသားတွေလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

န္တလေးဗဟိုအကျဉ်းထောင်ကနေ ဒီကနေ့လွတ်မြောက်လာကြတဲ့အကျဉ်းသားစုစုပေါင်းက ၄၃၇ ဦးရှိပြီး၊ ဒီအထဲမှာ အမျိုးသား ၃၉၈ ဦး၊ အမျိုးသမီး ၃၉ ဦးဖြစ်တယ်လို့ ဒီကနေ့ ထောင်လွှတ်စာရင်းအရ သိရပါတယ်။

ဒီကေန့ နိုင်ငံတော်သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေးဗဟိုအကျဉ်းထောင်မှ အမျိုးသား ၃၉၈ ဦး နဲ့ အမျိုးသမီး ၃၉ ဦး စုစုပေါင်း ၄၃၇ ဦး၊ မိတ္ထီလာအကျဉ်းထောင်မှ အမျိုးသား ၅၅ ဦး နဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၅၇ ဦး၊ မြင်းခြံထောင်မှ အမျိုးသား ၃၂ ဦး နဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၃၄ ဦး၊ ရမည်းသင်းအကျဉ်းထောင်မှ အမျိုးသား ၈၆ ဦး နဲ့ အမျိုးသမီး ၇ ဦး စုစုပေါင်း ၉၃ ဦး၊ ညောင်ဦးအကျဉ်းထောင်မှ အမျိုးသား ၁၆ ဦး၊ ထုံးဘို(၁)အကျဉ်းစခန်းမှ အမျိုးသား ၁၀၇ ဦး၊ ထုံးဘို(၂)အကျဉ်းစခန်းမှ အမျိုးသား ၇၃ ဦး၊ ထုံးဘိုအမျိုးသမီးကအကျဉ်းစခန်းမှ အမျိုးသမီး ၇၃ ဦး၊ ဘဲလင်း(၁)အကျဉ်းစခန်းမှ အမျိုးသား ၉၀ ဦး၊ ဘဲလင်း(၂)အကျဉ်းစခန်းမှ အမျိုးသား ၇၃ ဦး၊ ၂၄ မိုင်အကျဉ်းစခန်းမှ အမျိုးသား ၅၇ ဦး၊ ဘုရားငါးဆူအကျဉ်းစခန်းမှ အမျိုးသား ၉၉ ဦး၊ စုစုပေါင်းအကျဉ်းစခန်း ၁၂ ခုမှ အမျိုးသား ၁၀၈၈ ဦး နဲ့ အမျိုးသမီး ၁၂၃ ဦး၊ စုစုပေါင်းအကျဉ်းသား ၁၂၁၁ ဦး ပြန်လွှတ်ပေးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က