မန္တလေး ကျူးကျော်လမ်းဘေးဈေးသည်တွေကို ခွင့်ပြုဧရိယာသတ်မှတ်ပြီး ရောင်းချစေတော့မယ်လို့ မန္တလေးတိုင်းဒေသကြီး မြို့တော်ဝန် ဦးရဲလွင်က သူ့ရဲ့ လူမှုကွန်ရက်ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။
လမ်းဘေးဈေးသည်ရောင်းချရာနေရာ
မန္တလေးမြို့ ၈၅ လမ်း ၂၈ လမ်းနဲ့ လမ်း ၃၀ ကြား၊ ၂၈ လမ်း ၈၄ လမ်းနဲ့ ၈၆ လမ်းကြား၊ ၂၉ လမ်း ၈၄ လမ်းနဲ့ ၈၆ လမ်းကြား က အဖီထိုးရောင်းချနေတဲ့ ကျူးကျော်လမ်းဘေးဈေးသည်တွေကို သြဂုတ်လ ၂၃ ရက်က စတင်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ လမ်းဘေးဈေးသည်တွေဟာ ကားတွေသွားလို့မရလောက်အောင်အထိ လမ်းပေါ်တတ်ပြီး ကျူးကျော်ရောင်းချနေတာဖြစ်တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
မြို့တော်ဝန် ကြည့်ရှုစစ်ဆေးစဉ်
လက်ရှိတော့ ဈေးသည်တွေကို ခွင့်ပြုဧရိယာ သတ်မှတ်ရောင်းချစေဖို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ယူလုပ်ဆောင်မှာ ဖြစ်ပြီး စည်းကမ်းဖောက်ဖျက်မှုအတွက် ဒဏ်ကြေးလည်း ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
စည်းကမ်းဖောက်ဖျက်ခဲ့ရင်တော့ ဒဏ်ကြေး ပြင်းပြင်းထန်ထန်ပေးဆောင်ရမယ်လို့လည်း မြို့တော်ဝန်က ရေးသားထားပါတယ်။