တဖြည်းဖြည်းချင်းပြောင်းလဲမယ်လို့မြို့တော်ဝန်ကပြောပါတယ်။
မန္တလေးမြို့မှာ တစ်လမ်းမောင်းအဖြစ်သတ်မှတ်ထားတဲ့ လမ်းအချို့ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့က စပြီး နှစ်လမ်းမောင်းအဖြစ် ပြန်လည်သတ်မှတ်လိုက်ပြီလို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

Photo - ye myat thu

နှစ်လမ်းမောင်းအဖြစ်ပြန်လည်သတ်မှတ်လိုက်တဲ့ လမ်းတွေကတော့ ၈၁လမ်း ၄၂လမ်းနှင့် မဟာမုနိဘုရားကြီး အရှေ့မုခ်ကြား၊ ၄၂လမ်း၊ ၈၁လမ်းနှင့် ၈၄လမ်းကြား၊ ၄၅လမ်း၊ ၈၁လမ်းနှင့် ၈၄လမ်းကြား၊ ရတနာပူရပြတိုက်လမ်း၊ ရန်-မန်းလမ်းနှင့် မဟာမုနိဘုရားကြီး အရှေ့မုခ်ကြားတို့ပဲဖြစ်ပါတယ်။

ပြောင်းလဲမှုကိုလည်း ချက်ချင်းဆိုသလို လုပ်မှာမဟုတ်ဘဲ တဆင့်ပြီး တဆင့်လုပ်မှာဖြစ်လို့ စတင်မယ့်နေမှာ ယာဉ်ထိန်း၊ စည်ပင်၊ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ လုပ်အားပေးလိုတဲ့ volunteers တွေနဲ့ ၃ ရက်လောက် ကြီးကြပ်ပေးသွားဖို့စဉ်းစားထားပါတယ်လို့ မြို့တော်ဝန်ဦးရဲလွင်က သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။




နှစ်လမ်းမောင်းလုပ်ဖို့ ၈၂လမ်းအတွက် ၂၉၊ ၃၂ ထောင့်တွေနဲ့ ၈၁နဲ့၈၃လမ်းအတွက် ၂၈၊ ၃၁ ထောင့်တွေမှာ Sensor ပါတဲ့ SCAT မီးပွိုင့်တွေတပ်ဆင်သွားမှာဖြစ်ပြီး လက်ရှိ၈၁၊ ၈၂၊ ၈၃လမ်းနဲ့ ၂၆၊ ၃၅လမ်းဆုံတွေမှာရှိတဲ့ SCAT မီးပွိုင့် setting တွေလည်းပြောင်းရမယ်လို့ ဆိုပါတယ်။

Car parking ကိုစံနစ်တကျသတ်မှတ်ပေးပြီး စည်းကမ်းကြပ်မတ်သွားမှာဖြစ်သလို လမ်း၊ ပလက်ဖောင်းနဲ့ မြောင်းကျူးတွေအားလုံး အရေးယူသွားမယ်လို့ဆိုပါတယ်။မီးပွိုင့်မပါမဲ့လမ်းဆုံတွေမှာ တောင်မြောက်လမ်းတွေကို မိန်းလမ်းအဖြစ်သတ်မှတ်ပြီး အရှေ့အနောက်လမ်းတွေအတွက် လမ်းဆုံတွေမှာ Yellow blinker တွေ တပ်ဆင်ပေးသွားမယ်လို့လည်း ဆိုပါတယ်။

Share

Loading Next Article...
က္က