Photo - Ye Lwin FB
တောသင်္ကြန်ကိုတော့ ၆၆လမ်း ၁၉ လမ်းနဲ့ ၂၃ လမ်းကြားမှာ ပြုလုပ်သွားမှာဖြစ်ပြီး သင်္ကြန်ရေကစားသူတွေ အလွယ်တကူစားနိုင်ဖို့ သန့်ရှင်းတဲ့ စားသောက်ဆိုင်တွေ နေ့ရောညပါ ဖွင့်ခွင့်ပေးသွားဖို့ရှိတယ်လို့ မန္တလေးမြို့တော်ဝန်ဦးရဲလွင်က သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။
မိသားစုများ လုံခြုံစိတ်ချ စိတ်ချမ်းမြေ့စွာ ရေကစားနိုင်ဖို့ မနှစ်ကနှုန်းရဲ့တစဝက်နှုန်းဖြစ်တဲ့ မျက်နှာစာ ၁၀ပေနေရာကို ငွေကျပ် ၅ သိန်း၊ ပေ ၂၀ ကို ၁၀သိန်း နဲ့ ပေ ၃၀ ကို ၁၅ သိန်းနှုန်း သတ်မှတ်ထားတယ်လို့လည်း ဆိုပါတယ်။
ဒါအပြင် မဏ္ဍပ်ကြီးတွေကိုလည်း လမ်း ၈၀နဲ့၁၂ လမ်းမှာတည်ဆောက်ခွင့်ပေးမှာဖြစ်ပြီး ဈေးပြိုင်စနစ်ဖြင့် ရောင်းချမှာဖြစ်တဲ့အတွက် စည်ပင်ကိုလာရောက်မေးမြန်းစုံစမ်းနိုင်တယ်လို့ သိရပါတယ်။ သင်္ကြန်ရက်အတွင်း လမ်း ၇၀ နဲ့ ၁၄ လမ်း သန့်စင်ခန်းတွေ ခေတ္တပိတ်ထားပြီး ၆၆ လမ်း ပလက်ဖောင်းအသစ်ကိုလည်း အကာအရံများ ပြုလုပ်ထားမှာဖြစ်ကာ နှစ်ဆန်းတစ်ရက်နေ့မှာ ပြန်ဖွင့်မယ်လို့ ဆိုပါတယ်။