သတင်းအရ ဝင်ရောက်ရှာဖွေရာမှာ တွေ့ရှိခဲ့တာပါ။

ဆိုင်အတွင်းဖမ်းဆီးရမိတဲ့လက်နက်တွေဟာ ဆွစ်ဇာလန်နိုင်ငံထုတ်လေသေနတ်ပစ္စတိုတစ်လက်နဲ့ဆက်စပ်ပစ္စည်းများ၊ လေသေနတ်ပြုပြင်ရာမှာအသုံးပြုတဲ့ပစ္စည်းများ၊ စနိုက်ပါမှန်ပြောင်းတစ်ခု၊အသံတိတ်ပြောင်းတိုတစ်ခုအပါအဝင် တခြားလက်နက်ပစ္စည်းတွေကိုပါ ဖမ်းဆီးရမိခဲ့တာပါ။

မန္တလေး မဟာအောင်မြေမြို့နယ်အတွင်းကဖိနပ်ဆိုင်တစ်ဆိုင်ကို မနေ့ကသတင်းအရဝင်ရောက်ရှာဖွေစစ်ဆေးရာမှာ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်းအကူဌာနစိတ်ဆီကသိရပါတယ်။

လက်နက်ခဲယမ်းတွေရှိနေတယ်ဆိုတဲ့သတင်းအရ သက်ဆိုင်ရာကဝင်ရောက်ရှာဖွေစစ်ဆေးခဲ့တာဖြစ်ပြီး ဒီဖမ်းဆီးရမိမှုက သြဂုတ်လ ၂၇ ရက်နေ့က လွိုင်ကော်မြို့မှာဖြစ်ပွားခဲ့တဲ့ ပွိုင့်တူးတူးကျည်ဆံ ၁၅၀၀ ဖမ်းဆီးရမိမှုဖြစ်စဉ်နဲ့ဆက်စပ်နေတာပါ။

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ တိုင်းမှုခင်းအကူဌာနစိတ်မှတာဝန်ရှိသူတွေဟာ ပြည်ကြီးတံခွန်ကျွဲဆည်ကန်ကားဝင်းတာဝန်ကျရဲဝန်ထမ်းတွေ၊ သက်သေတွေနဲ့အတူ မနေ့ကမနက်အစောပိုင်းကစလို့ ကျွဲဆည်ကန်ကားဝင်းအတွင်း သတင်းအရသွားရောက်စောင့်ဆိုင်းခဲ့ကြောင်း၊ ၎င်းတို့ဟာ သြဂုတ်လ ၂၇ ရက်နေ့ကကယားပြည်နယ် လွိုင်ကော်မြို့မှာသိမ်းဆည်းရမိခဲ့တဲ့ပွိုင့်တူးတူးကျည်ဆံ ၁၅၀၀ ဟာ မန္တလေးမြို့ကရန်နိုင်ဆိုသူဆီပေးပို့ဖို့ဖြစ်တယ်ဆိုတဲ့သတင်းအရ စစ်ဆေးဖို့စောင့်ဆိုင်းခဲ့တာဖြစ်ပါတယ်။

မနက် ၉ နာရီခွဲအချိန်ခန့်မှာ ရွှေရာဇာကားဂိတ်သို့ရန်နိုင်ရောက်လာပြီး၊ ရန်နိုင်က လွိုင်ကော်ကနေပေးပို့လိုက်တဲ့ပါဆယ်ထုပ်လာရောက်ထုတ်ယူတာလို့ပြောပြလို့ သက်သေတွေရှေ့ဆက်လက်စစ်ဆေးခဲ့တာမှာ ရန်နိုင်ဟာ လွိုင်ကော်မြို့က နေအောင်ဆိုသူနဲ့ ပွိုင့်တူးတူးကျည်ဆံအရောင်းအဝယ်လုပ်ထားကြောင်းသိရပါတယ်။

ယခုဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတွေဟာ ဆွစ်ဇာလန်နိုင်ငံထုတ်လေသေနတ်ပစ္စတိုတစ်လက်နဲ့ဆက်စပ်ပစ္စည်းများ၊ လေသေနတ်ပြုပြင်ရာမှာအသုံးပြုတဲ့ပစ္စည်းများ၊ လေသေနတ်ခဲကျည် ၇ ဗူး၊ ပွိုင့်တူးတူးကျည်နှစ်ဗူး၊ ဂက်စ်ဗူးများ၊ ငှက်ကြီးတောင်ဓားရှည်နှစ်လက်အပါအဝင်ဓားအတိုအရှည် ၉ ချောင်း၊ စနိုက်ပါမှန်ပြောင်းတစ်ခု၊ အသံတိတ်ပြောင်းတိုတစ်ခု၊ ADIDAS တံဆိပ်အနက်ရောင်ကျောပိုးအိတ်တစ်လုံးနဲ့ DARIEL BOB တံဆိပ်ပါလက်ဆွဲအိတ်အဟောင်းတစ်လုံး၊ အစိမ်းရောင်သေနတ်လွယ်ကြိုးတစ်ချောင်းတို့ကိုသိမ်းဆည်းရမိကြောင်း ရဲမှတ်တမ်းဖော်ပြချက်အရသိရပါတယ်လက်နက်ခဲယမ်းတွေကို သက်သေတွေရှေ့မှာပဲ ရှာဖွေပုံစံနဲ့သိမ်းဆည်းခဲ့ပြီး ဖမ်းဆီးရမိမှုနဲ့ပတ်သက်လို့တော့ လက်နက်ခဲယမ်းများလက်ဝယ်ထားရှိမှုနဲ့ အာကာ(ခ)အာကာမောင်(အသက် ၃၁ နှစ်၊ အဘ ဦးဝင်းဆွေ)ကို ဥပဒေကြောင်းအရဆောင်ရွက်သွားဖို့ ဆက်လက်စစ်ဆေးမှုတွေလုပ်နေတယ်လို့ မဟာအောင်မြေမြို့နယ် မြို့မရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လွိုင်ကော်မြို့မှာ သြဂုတ်လ ၂၇ ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား ၁၁၁ ပြားနဲ့ ပွိုင့်တူးတူးကျည်ဆံ ၁၅၀၀ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါဖမ်းဆီးရမှုနဲ့ပတ်သက်လို့ နေအောင်(အသက် ၃၄ နှစ်)နဲ့ မြကေသီ(အသက် ၃၃ နှစ်)တို့ကို လွိုင်ကော်မြို့မရဲစခန်းက (ပ)၄၂၇/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)နဲ့ အမှုဖွင့်ထားတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က