ပေါက်ကွဲမှုမှာ လူ(၈)ဦး ဒဏ်ရာရရှိခဲ့တာပါ။

သင်တန်းပို့ချသူနှစ်ဦးက ပလပ်စတစ်မိုင်း အတုနဲ့အစစ် မှားယူမိပြီး သရုပ်ပြရာကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

မန္တလေးမြို့ရှိ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး သင်တန်းခန်းမဆောင်မှာ မေလ (၂၁)ရက်နေ့ မနက် (၉)နာရီခန့်က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် (၈)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မိုင်းရှင်းလင်းရေး သင်တန်းမှာ သရုပ်ပြနေစဉ် သင်တန်းပို့ချသူနှစ်ဦးက ပလပ်စတစ်မိုင်း အတုနဲ့အစစ်မှားယူမိပြီး သရုပ်ပြရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။



မန္တလေးရဲတပ်ဖွဲ့ရုံးမှာ ဖွင့်လှစ်သင်ကြားပေးနေတဲ့ မိုင်းအမျိုးအစား နှင့် မိုင်းရှာဖွေရှင်းလင်းခြင်းသင်ခန်းစာ လက်တွေ့သရုပ်ပြနေစဉ် (လေ့ကျင့်ရေး ပလပ်စတစ်မိုင်းအသေး M-14) နေရာမှာ မိုင်းအစစ်ကို မှားသုံးမိခဲ့တာ ဖြစ်ပါတယ်။ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က “ ဖြစ်စဉ်မှာ တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံး သင်တန်းခန်းမရှေ့မှာ ပလပ်စတစ်မိုင်းကို လက်တွေ့သရုပ်ပြသင်ကြားနေစဉ် မိုင်းအတုနေရာမှာ မှားယူလာမိတဲ့ မိုင်းအစစ်အပေါ်ကို သင်တန်းသားတစ်ဦးက တက်နင်းမိလို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ“လို့ ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဉ်မှာတော့ သင်တန်းဆရာအပါအဝင် သင်တန်းသား (၈) ဦးဒဏ်ရာ ရရှိခဲ့လို့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ချက်ချင်း ပို့ဆောင်ကုသပေးခဲ့ပါတယ်။ ဒီကနေ့ မွန်းလွဲ (၁) နာရီခန့်မှာတော့ ဒဏ်ရာရခဲသူတွေအနက်မှ (၅)ဦးက ဆေးရုံကနေ ပြန်ဆင်းနိုင်ခဲ့ကြောင်း၊ ကျန် (၃)ဦးအနက် (၁) ဦးမှာ ဒဏ်ရာပြင်းစွာရရှိထားကြောင်း တာဝန်ရှိသူတွေထံမှ ကနဦး သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က