မန္တလေးမြို့ရဲ့ထူးခြားတဲ့ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။

ရှင်မာလဲဘုရားကြာပန်းပစ်ပွဲဟာ ဘုရားကိုကြာပန်းတွေချည်းသီးသန့်ကပ်လှူပူဇော်ကြတဲ့ထူးခြားတဲ့ပွဲတစ်ခုဖြစ်ပြီး မန္တလေး မဟာမုနိဘုရားကြီးမှာ မသိုးသင်္ကန်းရက်လုပ်လှူ ဒါန်းပွဲနဲ့အတူ ကျင်းပပြုလုပ်တာလို့သိရပါတယ်။

မန္တလေးမြို့ရဲ့ထူးခြားတဲ့ပွဲတော်တွေထဲကမှတစ်ခုဖြစ်တဲ့ ရှင်မာလဲဘုရားကြာပန်းပစ်ပွဲကို လာမယ့်တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့မှာ စည်စည်ကား ကားနဲ့ကျင်းပပြုလုပ်သွားဦးမှာပါ။

ဒီပွဲတော်က တန်ဆောင်မုန်းလရဲ့ပွဲတော်တွေထဲက ထူးထူူးခြားခြားပွဲတော်တစ်ခုလည်းဖြစ်ပြီး မန္တလေး မဟာမုနိဘုရားကြီးမှာ မသိုးသင်္ကန်းရက်လုပ်လှူ ဒါန်းပွဲနဲ့အတူ ကျင်းပပြုလုပ်တာလို့သိရပါတယ်။

“ နှစ်စဉ်တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့မှာကျင်းပတာပါ၊ အရင်ကတော့လူသိနည်းပါတယ်၊ ပြီးခဲ့တဲ့နှစ်တွေကတော့ မသိုးသင်္ကန်းကပ်ပွဲနဲ့အတူ လူသိ လာပါတယ်၊ လပြည့်နေ့မတိုင်ခင်တစ်ရက်အလိုညမှာကျင်းပတာပါ” လို့ ဘုရားကြီးဂေါပကအဖွဲ့တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

ရှင်မာလဲဘုရားကြာပန်းပစ်ပွဲဆိုတာက တကယ်တမ်းကျတော့ ဘုရား(ရှင်မာလဲစေတီတော်)ကိုကြာပန်းတွေလှူဒါန်းကြတာပဲဖြစ်ပြီး ဒီပွဲက ကြာပန်းတွေ ချည်းတစ်မျိုးတည်းသီးသန့်လှူဒါန်းကြတဲ့ထူးထူးခြားခြားပွဲတော်လည်းဖြစ်ပါတယ်။

“တချို့ကလည်း ကြာပစ်ပွဲတဲ့၊ ကြာပန်းတွေနဲ့လှမ်းပစ်တာလှမ်းပေါက်တာကနေ ကြာပစ်ပွဲဆိုပြီးအရပ်ခေါ်ခေါ်ခဲ့ကြတာပါ၊ ကြာလှူပွဲလို့ယဉ်ယဉ် လေးပြောလဲရတာပါပဲ၊ ဘုရားကိုကြာပန်းတွေချည်းသီးသန့်ကပ်လှူပူဇော်ကြတဲ့ထူးခြားတဲ့ပွဲပါ၊ ဒီပွဲမှာက တခြားပန်းတွေမလှူမကပ်ကြပါဘူး” လို့လည်း ၎င်းကဆိုပါတယ်။

ရှင်မာလဲဘုရား(ရှင်မာလဲစေတီတော်)က မဟာမုနိဘုရားမြောက်ဘက် ပထမတံတိုင်းအပြင်ဘက်မှာရှိတာဖြစ်ပြီး မဟာမုနိဘုရားကြီးကြွမလာမီကတည်း ကရှိခဲ့တာလို့စာပေတွေအရသိရပါတယ်။ ပုဂံခေတ်ဘုရင်တစ်ပါးဖြစ်တဲ့မင်းရှင်စောရဲ့ကောင်းမှုတော်စေတီတော်တစ်ဆူလည်းဖြစ်ပြီး ဒီဘုရင်က ဒီဘုရားကို တာဝတိ ံသာနတ်ပြည်က စူဠာမဏိစေတီတော်ရဲ့ပုံစံနမူနာယူပြီးတည်ထားကိုးကွယ်ခဲ့တာဖြစ်တယ်လို့လည်းဆိုကြပါတယ်။

ရှင်မာလဲဘုရား(ရှင်မာလဲစေတီတော်)အထက်ပစ္စယံပေါ်က ဗုဒရုပ်ပွားတော်ဆီ ကြာပန်းတွေပစ်တင်ပြီးတောင်းဆုပြုကြတဲ့ ရှေးတုန်းကဒေသဓလေ့အ စဉ်အလာအတိုင်း လက်ဆင့်ကမ်းဆင်နွှဲခဲ့ကြတာကနေ ဒီဘုရားပွဲတော်ဖြစ်ပေါ်လာတာလည်းဖြစ်ပြီး နောက်ထပ်ထူးခြားမှုတစ်ခုကတော့ နောက်တစ်နေ့ အရုဏ်တက်ချိန်မှာ ဘုရားအား လတ်လတ်ဆတ်ဆတ်ဂဏှာနို့ဆွမ်းဆက်ကပ်တဲ့အစဉ်အလာတစ်ခုပဲဖြစ်ပါတယ်။

ရှင်မာလဲဘုရားကြာပန်းပစ်ပွဲ(ဝါ)ရှင်မာလဲဘုရားပွဲတော်ကို လာမယ့်တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ညနေပိုင်းကစလို့ ကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါ တယ်။

Share

Loading Next Article...
က္က