၉၀ ရာခိုင်နှုန်းပြည့်စုံပြီလို့ဆိုပါတယ်။
မန္တလေးမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ယာဉ်စက်ယန္တရားတွေ ပြည့်စုံသွားပြီဖြစ်တာကြောင့် မြို့တော်ဖွံ့ဖြိုးရေးကို အရှိန်မြှင့်ဆောင်ရွက်နိုင်တော့မယ်လို့ မန္တလေးမြို့တော်ဝန်က ပြောလိုက်ပါတယ်။

Photo- Ye Lwin

အဲ့ဒီလိုအပ်တဲ့ ယာဉ်စက်ယန္တရားတွေကို ၃ နှစ်တာကာလအတွင်း စုဆောင်းရတာဖြစ်ပြီး မေလကုန်မှာတော့ မှာယူထားတဲ့ လက်ကျန်ယာဉ်တွေအကုန်ရောက်လာတော့မှာဖြစ်တယ်လို့ မန္တလေးမြို့တော်ဝန်ဦးရဲလွင်က သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

စက်တွေပြည့်စုံပြီဖြစ်တာကြောင့် မြို့တော်တစ်ခုလုံး ပုံမှန်အမှိုက်သိမ်းနိုင်တော့မှာဖြစ်သလို နိုင်လွန်လမ်းတွေနဲ့ Cement Treated Base လမ်းတွေ အရှိန်အဟုန်နဲ့ ခင်းပေးနိုင်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

Photo- Ye Lwin

ဒါ့အပြင် Precast စက်ရုံလည်းတည်ဆောက်နေပါပြီးအဆင့်မြင့်ရေမြောင်းတွေ အချိန်တိုတိုနဲ့ တည်ဆောက်နိုင်တော့မှာဖြစ်တယ်လို့လည်း မြို့တော်ဝန်က ပြောပါတယ်။၂၀၁၉-၂၀၂၀ ဘတ်ဂျက်နှစ်မှာ မည်သည့်နှစ်နဲ့မျှ မတူတဲ့နှုန်းနဲ့ မြို့တော်ဖွံ့ဖြိုးရေးတွေ လုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။

Photo- Ye Lwin

ဒီလိုဖြစ်ဖို့အတွက် မြို့တော်ဝန်အဖြစ် တာဝန်စတင်ယူခဲ့တဲ့ အချိန်မှစပြီး ရေတိုရေရှည် စီမံချက်တွေ ရေးဆွဲကာလိုအပ်တဲ့ အခြေခံအဆောက်အဦတွေဖြစ်တဲ့ စက်ယန္တရားတွေနဲ့ စက်ရုံတွေကို အစီအစဉ်ချပြီး ဝယ်ယူတည်ဆောက်ခဲ့ရာ အခုအခါမှာတော့ ၃ နှစ်အတွင်း စုဆောင်းခဲ့တဲ့ ယာဉ်စက်ယန္တရား စုစုပေါင်း ၃၀၃ စီးရှိပြီး ၉၀%ကျော် စုဆောင်းမိပြီဖြစ်တာကြောင့် တက်ကုန်လှော်ဖို့ အနေအထားရောက်နေပါပြီလို့ ဦးရဲလွင် ရေးသားထားပါတယ်။

Share

Loading Next Article...
က္က