အသက် ၂၀ နှစ်ဝန်းကျင်လူငယ်နှစ်ဦးအား ကျပ်သိန်းပေါင်း ၈၄၀၀ ကျော် ရှိတဲ့မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

မန္တလေး အောင်မြေသာစံမြို့နယ် ဒေါနဘွားကားကြီးကွင်းအတွင်း မူးယစ်ဆေးဝါးသတင်းအရ ရဲတပ်ဖွဲ့ဝင်တွေကသွားရောက်စစ်ဆေးရှာဖွေခဲ့ရာ အသက် ၂၀ နှစ်ဝန်းကျင်လူငယ်နှစ်ဦးအား ကာလတန်ကြေးကျပ်သိန်းပေါင်း ၈၄၀၀ ကျော် ရှိတဲ့မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ နယ်မြေခံရဲတပ်ဖွဲ့ဆီကသိရပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့မူးယစ်ဆေးဝါးတွေထဲမှာ 88 နဲ့ 1 စာတမ်းတစ်ဖက်စီပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားလို့ယူဆရတဲ့ဆေးပြား ၁၄၀၀၀၀ ကျော် နဲ့ ဘိန်းဖြူလို့ယူဆရတဲ့ဖြူ/ဝါရောင်အမှုန့် အလေးချိန် ၁ ဒသမ ၇၈၂ ကီလိုဂရမ်ခန့်ပါဝင် တယ်လို့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

၂၀၁၉ ဖေဖော်ဝါရီလ ၂၈ ရက်၊ နေ့လယ် ၁ နာရီအချိန်ခန့်က မန္တလေး အောင်မြေသာစည်မြို့နယ် အမှတ်(၁)နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ကမ်အောင်မြင့်ဟာ မူးယစ်ဆေးဝါးသတင်းအရ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေ၊ မူးယစ်တပ်ဖွဲ့စု(၁၇)မန္တလေးမှ ရဲအုပ်ဆိုင်းစံ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့တပ်ကြပ်ကြီးဝင်းမြင့်ဦးတို့ပါဝင်တဲ့ပူးပေါင်းအဖွဲ့၊ သက်သေတွေနဲ့အတူ ဒေါနဘွားကားကြီးကွင်းအတွင်းသွားရောက်ရှာဖွေရာ ကားကြီးကွင်းအလယ်ရှိ ကုက္ကိုလ်ပင် အောက်မှာ ဆာလာအိတ် ၄ လုံး၊ ဂျပ်ဖာတစ်လုံးတို့နဲ့အတူ အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးကိုတွေ့ရှိရတယ်လို့ သိရပါတယ်။

၎င်းတို့နှစ်ဦးအားမေးမြန်းရာ သားငယ်နဲ့ မထိပ်ထား(ခ)မအေးမွန်တို့ဖြစ်ပြီး ဖားကန့်မြို့ဆီသွားဖို့ ကားစောင့်နေတာဖြစ် ကြောင်း၊ ဆာလာအိတ်နဲ့ဂျပ်ဖာတွေဟာ ၎င်းတို့ပစ္စည်းတွေဖြစ်ပြီး လက်ဖက်ခြောက်တွေဖြစ်တယ်လို့ပြောခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်များက မသင်္ကာလို့ ၎င်းတို့နှစ်ဦးအား သက်သေတွေရှေ့ရှာဖွေစစ်ဆေးရာ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားလို့ယူဆရတဲ့ ဆေးပြား ၁၄၃၉၉၀(စုစုပေါင်းကာလတန်ဖိုး ၇၁၉၉၅၀၀၀၀ ကျပ်) နဲ့ ဘိန်းဖြူလို့ယူဆရတဲ့ဖြူ/ဝါရောင်အမှုန့် အလေးချိန် ၁ ဒသမ ၇၈၂ ကီလိုဂရမ်ခန့် (စုစုပေါင်းကာလတန်ဖိုး ၁၂၄၇၄၀၀၀၀ ကျပ်) တွေ့ရှိခဲ့ကြောင်း၊ ပစ္စည်းနှစ်မျိုးပေါင်း ကာလတန်ဖိုးမှာ ၈၄၄,၆၉၀,၀၀၀ ကျပ်ဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးရဲ့နိုင်ငံသားစိစစ်ရေးကတ်ပြားနှစ်ခု အပါအဝင် ဟန်းဖုန်းနှစ်လုံးနဲ့ ငွေ ၃ သိန်း ၆ သောင်းကျပ်ကိုပါတွေ့ရှိရကြောင်း၊ ဖမ်းဆီးရမိမှုနဲ့ပတ်သက်လို့ သက်သေတွေရှေ့ ရှာဖွေပုံစံ နဲ့သိမ်းဆည်းကာ ၎င်းတို့နှစ်ဦးအားလည်း ဖမ်းဆီးအမှုဖွင့်ထားကြောင်း ရဲစခန်းမှတ်တမ်းကဖော်ပြထားပါတယ်။

၎င်းတို့နှစ်ဦးအားစစ်မေးမှုအရ အဆိုပါမူးယစ်ဆေးဝါးတွေကို မိုးမိတ်မြို့ကနေဝယ်ယူလာပြီး ဖားကန့်မြို့မှာသွားရောက်ရောင်းချဖို့ သယ်ဆောင်လာခဲ့တာဖြစ်ကြောင်းသိရတယ်လို့လည်း အဆိုပါတပ်ဖွဲ့ဝင်ကပြောပါတယ်။

Share

Loading Next Article...
က္က