ဒီအလှူလေးအတွက် ပီတိစကားသံတွေပြောပြလာပါတယ်။

စိုးပြည့်သဇင်က သူအရမ်းလှူချင်ခဲ့တဲ့ ရှင်ပြုအလှူလေးကို မိသားစုနဲ့အတူအလှူလုပ်ရတော့မှာမို့ အတိုင်းမသိပျော်ရွှင်နေပါတယ်. အလှူအတန်းတွေ လုပ်နေရရင် ပျော်နေတတ်တဲ့ သူမရဲ့ စိတ်ဓာတ်လေးက တကယ်ကို ချစ်စရာပါ

Photo: စိုးပြည့်သဇင်

သရုပ်ဆောင် စိုးပြည့်သဇင်က မိသားစုနဲ့ အတူ လှူချင်ခဲ့တဲ့ ရှင်ပြုအလှူလေး ဆောင်ရွက်ခွင့်ရတော့မှာ မို့ ပျော်ရွှင်နေတာကို တွေ့ရပါတယ်. သူမရဲ့ အလှူကိုတော့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ကျရင် မန္တလေးမြို့'' ဇီးကန်တောရကျောင်း''. မှာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်.

''နှစ်တိုင်းလှူချင်ခဲ့တဲ့ ရှင်ပြုအလှူလေး ဒီနှစ်လည်းလှူခွင့်ရခဲ့ပြန်တယ် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တာမို့ မြတ်စွာဘုရားရဲ့သားတော်ရှင်သာမဏေလေးတွေအဖြစ်သွတ်သွင်းပေးပြီးသာသနာကိုအဓွန့်ရှည်စေချင်ပါတယ် . မန္တလေး စကားအင်းတိုးဂိတ်အနီး ဇီးကန်တောရကျောင်းမှာပြုလုပ်မှာပါ. မန္တလေးနှင့်အနီးတစ်ဝိုက်ကသူများ. ချစ်တဲ့သူများကိုလည်းဖိတ်ပါတယ်ရှင်''ဆိုပြီးတော့ ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြခဲ့တာဖြစ်ပါတယ်.

Photo: စိုးပြည့်သဇင်

အလှူအတန်းတွေ လုပ်ရတာ ဝါသနာပါတတ်တဲ့ စိုးပြည့်သဇင်ရဲ့ အကြောင်းတွေကိုလည်း မိခင်ဖြစ်သူ ဒေါ်မာလာခင်က Duwun Media ကနေ ပြောပြခဲ့ဖူးပါတယ်. တစ်ခါ တစ်ခါ အလှူလုပ်ပြီးတိုင်းလည်း ဝမ်းသာမဆုံးဖြစ်တတ်တဲ့ စိုးပြည့်သဇင်ရဲ့ စိတ်ဓာတ်လေးက အရမ်းကို ချစ်စရာကောင်းလှပါတယ်.

'' ဘာသာရေးကိုတော့ အမြဲတမ်း အန်တီက လုပ်စေချင်တယ်။ သူကိုယ်တိုင်ကလည်း လုပ်တယ်၊ အလှူအတန်းလေးတွေဆိုရင်လည်း လုပ်ရတာ သူဝါသနာပါတယ်။ သူ့ ပရိသတ်တွေနဲ့ရော၊ သူတစ်ယောက်တည်းလည်း လှူတယ်၊ လှူပြီးရင်လည်း ဘယ်လို ဝမ်းသာရတယ် ဆိုတာကို ပြောလို့ မဆုံးဘူး'' လို့ သူကဆိုပါတယ်။

Photo: စိုးပြည့်သဇင်

စိုးပြည့်သဇင်ဟာ ကျောင်းစတက်တဲ့ အရွယ်ကတည်းကနေ အခုအချိန်ထိ မိဘနှစ်ပါး မပါပဲ အပြင်မသွားဘူးလို့ မိခင်ဖြစ်သူဒါ်မာလာခင်က ပြောပါတယ်။ သမီးဖြစ်သူက ငယ်လည်း ငယ်သေးတာဖြစ်လို့ စိတ်မချဘူးဆိုပြီးတော့ စက်တင်ဘာလ ၂၂ ရက်နေ့က စိုးပြည့်သဇင်ရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' သူငယ်တန်းကနေ စပြီး မအေရော၊ ဖအေရော ကျောင်းသွားပို့တယ်၊ ကျောင်းကြိုတယ်၊ တစ်ခါမှ သူ့တစ်ယောက်တည်းကို ဘယ်မှ မလွှတ်ဘူး။ ပြီးတော့ သူက အနုပညာလောကထဲကို ၁၃ နှစ်သမီးလောက်ကတည်းက ဝင်တာဆိုတော့ သူ့နောက်ကို တကောက်ကောက် လိုက်ပြီး အုပ်ထိန်းရတယ်။ ဘယ်လိုမှ စိတ်မချဘူး ငယ်လည်း ငယ်တယ်၊ အလည်း အတယ် အရမ်းအတယ်'' လို့ ပြောပါတယ်။

Photo: စိုးပြည့်သဇင်

စိုးပြည့်သဇင်ဟာ သူကိုယ်တိုင်က အရမ်းသံယောဇဉ်ကြီးတဲ့အကြောင်းကို Duwun media ကနေ ဖြေဆို ခဲ့ဖူးပါတယ်။ သူ့ ရဲ့ မိဘနှစ်ပါးကို လည်း သူူ့ကြောင့် စိတ်မဆင်းရဲစေချင်ဘူး စိတ်ချမ်းသာစေချင်တယ် လို့လည်း ပြောပြခဲ့ဖူးပါတယ်။ တကယ်ကို လိမ္မာယဉ်ကျေးတဲ့ သမီးလေးအပေါ် မိဘနှစ်ပါးကလည်း အရမ်းကို ချစ်ကြတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က