၂၀၁၈ခုနှစ် သြဂုတ်လအတွင်းကဖြစ်ပွားခဲ့တာပါ။

ပစ္စတိုသေနတ်နဲ့ပစ်ခတ်ခဲ့တဲ့သေနတ်သမားကို တရားရုံးက ၁၀ လကြာ(ရမန်ချုပ်ရက်အပါအဝင်)စစ်ဆေးမှုအပြီးမှာပဲ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ်အပြင် သေဒဏ်ပါချမှတ်လိုက်တာပါ။

ဇနီးမောင်နှံနှစ်ဦးအား ပစ္စတိုသေနတ်နဲ့ပစ်ခတ်ခဲ့တဲ့သေနတ်သမားကို မန္တလေးခရိုင်တရားရုံးက ဒီကနေ့မွန်းလွဲပိုင်းမှာပဲ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ်အပြင် သေဒဏ်ပါချမှတ်လိုက်ပါတယ်။



မန္တလေးမြို့မှာ ပြီးခဲ့တဲ့နှစ်သြဂုတ်လ (၁၃)ရက်နေ့ကဖြစ်ပွားခဲ့တဲ့ မော်တော်ဆိုင်ကယ်စီးဇနီးမောင်နှံ နှစ်ဦးအား ပစ္စတိုသေနတ်နဲ့ပစ်ခတ်ခဲ့တဲ့သေနတ်သမားကို တရားရုံးက ၁၀ လကြာ(ရမန်ချုပ်ရက်အပါအဝင်)စစ်ဆေးမှုအပြီးမှာပဲ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ်အပြင် သေဒဏ်ပါချမှတ်လိုက်တာပါ။

"ဒါကတော့ ခင်ဗျားတို့လည်းကြားတဲ့အတိုင်းပါပဲ၊ ထောင်ဒဏ် ၁၀ နှစ်နဲ့ သေဒဏ်ချလိုက်တာပါ၊ အယူခံဝင်ခွင့်ရှိပါတယ်၊ ၇ ရက်အတွင်းအယူခံဝင်ရမှာဆိုတော့ ကာယကံရှင်ရဲ့ဆန္ဒအတိုင်းဆောင်ရွက်ပေးသွားမှာပါ၊ ကျွန်တော်က ချို့တဲ့တဲ့သူတွေကိုရှေ့နေလိုက်ပေးတဲ့ရှေ့နေတစ်ယောက်ပါ" လို့ သေနတ်သမားဘက်ကရှေ့နေလိုက်ပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေဦးလင်းမောင်မြင့်က Duwun ကိုပြောပါတယ်။

မန္တလေး ချမ်းမြသာစည်မြို့နယ် ၅၅ လမ်း( နှင်းဆီလမ်းနဲ့ရွာလယ်လမ်းကြား) မှာ ပြီးခဲ့တဲ့နှစ်သြဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၁၁ နာရီခွဲအချိန်ခန့်က ဆိုင်ကယ်စီးလာတဲ့ဇနီးမောင်နှံကို သေနတ်သမားတစ်ဦးက လမ်းပေါ်ကနေတားဆီးပြီး သေနတ်နဲ့ ၂ ချက်ပစ်ခဲ့ပါတယ်။



ဒီပစ်ခတ်မှုမှာ အမျိုးသမီးဖြစ်သူဟာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အမျိုးသားကတော့ ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ ဆေးရုံတက် ရောက်ဆေးကုသမှုခံယူခဲ့ရပါတယ်။

ဒီသေနတ်ပစ်ခတ်မှုမှာ ရပ်ကွက်နေပြည်သူတွေရဲ့ဝိုင်းဝန်းဖမ်းဆီးမှုကြောင့်သေနတ်သမားကိုချက်ချင်းပဲဖမ်းဆီးနိုင်ခဲ့ပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့တော့ ဇနီးမောင်နှံဆီက လက်ကိုင်အိတ်လုယူရန်ကြံစည်မှုလို့ ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

သေနတ်သမားအားစစ်ဆေးမှုအရ ၎င်းဟာ မန္တလေး ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာက ပန်းရံလုပ်သားခွန်ကောလားဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ်မှာ စပိန်နိုင်ငံလုပ် Point 32 Pisto တစ်လက်နဲ့ကျည်ဆံတစ်ချို့၊ ကျည်ထိပ်ဖူးတစ်ခု၊ 9mm ကျည် ၂၂ တောင့်၊ ကျည်အိတ်နှစ်ခုတို့ပါရှိတယ်လို့လည်း ရဲတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်မှုမှာပါရှိပါတယ်။

သေနတ်သမားကို အောင်ပင်လယ်နယ်မြေစခန်းက (ပ) ၅၈၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄၊ (ပ) ၅၈၁/၂၀၁၈၊ လက်နက်များအက်ဥပဒေပုဒ်မ ၁၉ (စ) တို့နဲ့ အမှုဖွင့်တရားစွဲဆိုခဲ့တာဖြစ်ပြီး လက်နက်များအက်ဥပဒေပုဒ်မ ၁၉ (စ) အရ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီးမှ ဒီကနေ့မှာ ပြစ်မှုထင်ရှားတွေ့ရလို့ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၃၉၂/၃၉၇ အရ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ်အပြင် ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ဂ) အရ သေဒဏ်ပါချမှတ်လိုက်တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က