စုထားတဲ့ မုန့်ဖိုးငွေတွေနဲ့ လှူဒါန်းခဲ့တာပါ။

မန္တလေးမှာ အသက် ၇ နှစ်အရွယ်ကလေးတစ်ဦးက ရရှိတဲ့ မုန့်ဖိုးတွေကို စုထားတဲ့ငွေနဲ့ မီးတိုင်လှူဒါန်းခဲ့ပြီး အသက်အငယ်ဆုံး အလှူရှင်ဖြစ်တယ်လို့ မန္တလေးမြို့တော်ဝန်က သူ့ရဲ့ ဖေ့ဘုတ်စ်စာမျက်နှာမှာ ချီးကျူးရေးသားထားပါတယ်။

Photo - Ye Lwin FB

ဒုတိယတန်းအရွယ် VEC ပညာရိပ်သာ့မှာတက်ရောက်နေတဲ့ မောင်ပြည့်ဖြိုးဝင့်ဆိုသူက မိဘတွေနဲ့ ဆွေမျိုးတွေပေးခဲ့တဲ့ မုန့်ဖိုးတွေကို မစားရက်မသောက်ရက်ဘဲ စုလာခဲ့တဲ့ ငွေ ၃၁ သိန်းကျော်ကို လှူဒါန်းခဲ့တယ်လို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ဆိုပါတယ်။

Photo - Ye Lwin FB

သတင်းစာတွေထဲမှာပါတဲ့ မီးတိုင်အလှူတွေအကြောင်းနဲ့ မြို့တော်မှာ မီးတွေ ထိန်ထိန်လင်းလာတာကို တွေ့ပြီး လာရောက်လှူဒါန်းခဲ့တာလို့လည်းသိရပါတယ်။

မန္တလေးမြို့တော်ဝန်က “သားလေးကိုမေးဖြစ်တယ်။ iPad တွေ အဝတ်အစားတွေ မဝယ်ချင်ဘူးလားလို့ဆိုတော့ သားက မီးတိုင်ပဲလှူချင်တာ လို့ပြန်ဖြေတယ်။ အသက်အငယ်ဆုံးနဲ့ စေတနာအပြတ်ဆုံး အလှူရှင်လေးပါ။” ဆိုပြီးတော့ ဖေ့ဘုတ်စ်စာမျက်နှာကနေ ချီးကျူးဂုဏ်ပြု ရေးသားထားပါတယ်။

အဆိုပါ ကလေးဟာ မီးတိုင် ငါးတိုင်အထိ လှူဒါန်းချင်လို့ ဆိုပြီး လိုနေသေးတဲ့ အလှူငွေ ၆ သိန်းကျော်ကိုလည်း မိဘတွေကို ထပ်ဖြည့်လှူဒါန်းခိုင်းလိုက်တယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ မီးတိုင်အလှူအတွက် လှူဒါန်းငွေ စုစုပေါင်း ကျပ် ၅,၇၁၀ သိန်းရရှိထားပြီးလို့ မြို့တော်ဝန်က ဆိုပါတယ်။

Share

Loading Next Article...
က္က