နေ့ရက်၊ နေရာ၊ အချိန် ကိုတော့ အတိအကျပြောပြထားတာ မရှိပါဘူး။

စိုင်းစိုင်းက မန္တလေးပရိသတ်တွေ နဲ့ တွေ့ဆုံဖို့ Sai Sai Show ပွဲကို မန္တလေးမှာ လုပ်မယ်လို့ သိရပါတယ်။ မန္တလေးမှာ ဖျော်ဖြေပွဲ မလုပ်ခဲ့တာလည်း ၂ နှစ်ကြာပြီလို့ ဆိုပါတယ်။

Photo: Amazing Grace



စိုင်းစိုင်းခမ်းလှိုင်က မန္တလေးမှာ ဖျော်ဖြေပွဲလုပ်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ လာရောက်အားပေးကြမယ့် ပရိသတ် ဦးရေနဲ့ ပွဲကျင်းပမယ့် နေရာကို ပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။

‘’Mandalay မှာပွဲလုပ်မယ်ဆိုရင် တက်ရောက်မယ့်လူဦးရေသိချင်ပါတယ်။ ဖြစ်နိုင်မဖြစ်နိုင် လုပ်သင့် မသင့်နဲ့ ဘယ်ကွင်းမှာလုပ်ရမလဲ ရွေးချယ်ချင်လို့ပါ။ ဒါကြောင့် SAISAI SHOW ကို လာမယ့်သူတွေက Share ပေးပါ လာနိုင်မယ့် Potential Fans တွေ သူငယ်ချင်းတွေကိုလည်း Mention ခေါ်ပေးပါ’’ဆိုပြီးတော့ ဧပြီလ ၂၆ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Htoo Kyaw Htet

မန္တလေးမှာ Sai Sai Show မလုပ်ဖြစ်တာ ၂ နှစ်ရှိပြီလို့ သိရပါတယ်။ Sai Sai Show ကိုတော့ ၂၀၀၃ ခုနှစ်က မန္တလေးမှာ ပထမဆုံးအကြိမ် ကျင်းပခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ နောက်ဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

‘’ပြီးခဲ့တဲ့ ၂၀၁၇ ဧပြီလက မန္တလာသီရိ Stadium မှာကျင်းပခဲ့တဲ့ပုံ ဖြစ်ပါတယ် အဲဒီပွဲတုန်းက ပရိသတ် ၁၅၀၀၀ ခန့်တက်ရောက်အားပေးခဲ့ပြီးတော့ စိုင်းစိုင်းရဲ့ အအောင်မြင်ဆုံး မန္တလေးပွဲဖြစ်ခဲ့ပါတယ်။ ပထမဆုံး SAISAI ရဲ့ Mandalay Show ကို ၂၀၀၃ ခုနှစ်က Swan Hotel မှာ ပရိသတ် ၃၀၀ နဲ့ စတင်ပြုလုပ်ခဲ့ပါတယ် ။ နောက်ပိုင်း ၂၀၀၆ နဲ့ ၂၀၀၈ မှာ City Hall ၊ ၂၀၁၂ နဲ့ ၂၀၁၄ မှာ Modalay Hill Resort ( အခု Mecure ) နဲ့ 

နောက်ဆုံး ၂၀၁၇ မန္တလာသီရိကွင်းမှာ ကျင်းပခဲ့တာပါ။ အခု ၂ နှစ် ရှိသွားပြီ။ ဒီတော့ 

What you say, Mandalay? Are you ready for SAISAI SHOW ??’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားခဲ့ပါတယ်။ အခုလုပ်မယ့် Sai Sai Show ပွဲကိုတော့ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ လုပ်မယ် ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

Photo: Thein Than Oo

စိုင်းစိုင်းက ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: ဝဏ္ဏခွာနီး

စိုင်းစိုင်း(Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာမင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက်စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က