လေတိုက်ချိန်မှာ အိမ်ပြိုကျပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကွက်သစ်တစ်ခုမှာ မေလ ၂၃ ရက်နေ့ ည ၇ နာရီခွဲခန့်က လေပြင်းတိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

မန္တလေး ပုသိမ်ကြီးမြို့နယ်အပိုင် ဇီးအုပ်ကွက်သစ်မှာ မေလ ၂၃ ရက်နေ့ညက လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၈၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ပြီး လူအသေအပျောက်နဲ့ ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။



"ဒီမှာက ရပ်ကွက်အပိုင်း ၁ ကနေ ၁၀ အထိ ရှိပါတယ်။ အဲဒီထဲမှာမှ အပိုင်း ၁ နဲ့ အပိုင်း ၉ က ပျက်စီးဆုံးရှုံးမှု အများဆုံးပါပဲ။ ဒဏ်ရာရသူတွေကိုတော့ လူမှုကူညီရေးအသင်းတွေက ဆေးရုံပို့ပေးပါတယ်။ အခုကတော့ မီးသတ်တပ်ဖွဲ့ဝင်တွေကပဲ ကူညီရေးတွေ လုပ်ပေးနေတာပါ။ လေတိုက်ချိန်မှာ အိမ်ပြိုကျပြီး အမျိုးသမီးတစ်ဦးသေပါတယ်" လို့ ဇီးအုပ်ကွက်သစ်မှာ တာဝန်ရှိသူတစ်ဦးက Duwun ကို ပြောပါတယ်။

ည ၇ နာရီခွဲအချိန်ခန့်မှစပြီး ၅ မိနစ်ခန့် တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းဒဏ်ကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး လူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ ပျက်စီးပြိုလဲနေတဲ့အိမ်တွေကို ပုသိမ်ကြီးမြို့နယ်အရန်မီးသတ် တပ်ဖွဲ့က ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်ပေးနေပြီး ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ လူမှုရေးအသင်းတွေက စားစရာနဲ့နေထိုင်ဖို့အရေး စီစဉ်ဆောင်ရွက်ပေးနေကြတယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က