လှည့်ကင်းထွက်ဖို့အတွက် ပြင်ဆင်နေစဉ် စကားများရာမှ ရဲတပ်သားက ပတ်ခတ်ခဲ့တာပါ။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်းအပိုင်နယ်မြေ သံလျက်မှော်အရှေ့ရပ်ကွက် လှုပ်ရှားမှုရဲကင်း မှာရဲအချင်းချင်းသေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ရဲဒုတပ်ကြပ် နဲ့ ရဲတပ်သားတို့ ၂ ဦးဟာ လှည့်ကင်းထွက်ဖို့အတွက် ပြင်ဆင်နေစဉ် ရဲတပ်သား နဲ့ ရဲဒုတပ်ကြပ် တို့စကားများရာမှ ရဲတပ်သားက ပတ်ခတ်ခဲ့တာပါ။



Photo: Thet Oo Swe



ပတ်ခတ်မှုကြောင့် ရဲဒုတပ်ကြပ်ရဲ့ ညာဖက် ပေါင်မှာ တစ်ချက်နဲ့ ဘယ်ဖက်နားမှာ ဒဏ်ရတစ်ချက်ရရှ်ခဲ့ပြီး မန္တလေးဆေးရုံကြီးကို ပို့ထားရပါတယ်။ ဒဏ်ရာကတော့မစိုးရိမ်ရဘူးလို့သိရပါတယ်။

ပစ်ခဲ့တဲ့ရတပ်သားကိုတော့ ရဲတပ်သားကိုတော့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူဆောင်ရွက်ထားတယ်လို့ အမှတ် ၇ နယ်မြေရဲစခန်းကသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က