မန္တလေးတိုင်း ကျောက်ဆည်မြို့မှာ သိန်း ၂၀၀ ကျော်တန်ဖိုးရှိ ကာမအားတိုးဆေးနဲ့ ကာမအားတိုးဆေး ထုတ်လုပ်စက်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့က မေလ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
Photo - Mandalay Police
မေလ ၂၃ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်က ကျောက်ဆည်မြို့မရဲစခန်းတပ်ဖွဲ့ဝင်တွေဟာ သတင်းအရ ရှာဖွေရာ ကျောက်ဆည်မြို့၊ ကြက်မင်းတွန်ရပ်ကွက်က အသက် ၄၂ နှစ်အရွယ် ထွန်းလင်းဆိုသူရဲ့ နေအိမ်မှာ ကာမအားတိုးဆေးတွေ ထုတ်လုပ်ရောင်းချနေတာကို တွေ့ရှိခဲ့ရပါတယ်။ အဆိုပါ နေအိမ်မှာ ကာမအားတိုးဆေးတွေနဲ့ ကာမအားတိုးဆေး ထုတ်လုပ်တဲ့စက်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။ ကိုယ်တိုင်ထုတ်လုပ်ရောင်းချသူ ထွန်းလင်းကိုတော့ ကျောက်ဆည်မြို့မရဲစခန်းကနေ (ပ) ၃၇၇ /၂၀၁၉ ၊ အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၈ အရ အမှုဖွင့်အရေးယူထားတယ်လို့လည်း မန္တလေးတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။