Birthday Show မကြည့်လိုက်ရတဲ့ ပရိသတ်တွေအတွက် အခွင့်အရေးတစ်ခုပါပဲ။

စိုင်းစိုင်းတစ်ယောက် မန္တလေးမှာ ဖျေ်ာဖြေပွဲမလုပ်ခဲ့တာ (၂)နှစ်ကြာခဲ့ပါပြီ။ မေလအတွင်းမှာတော့ မန္တလေးက ပရိသတ်တွေနဲ့ဆုံနိုင်ဖို့ ရှိုးပွဲလုပ်ဖို့ စီစဉ်ထားပါတယ်။

Photo : စိုင်းစိုင်း

စိုင်းစိုင်းကတော့ မန္တလေးက ပရိသတ်တွေနဲ့ တွေ့ဆုံဖို့အတွက် စီစဉ်နေပါတယ်။ သူ့ရဲ့ဖျော်ဖြေပွဲကြီးကို မန္တလေးမှာ မေလအတွင်း ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ မန္တလေးမှာ ဖျော်ဖြေပွဲမလုပ်ခဲ့တာ (၂)နှစ်လောက်ရှိခဲ့ပြီ ဖြစ်တဲ့ စိုင်းစိုင်းက မန္တလာသီရိကွင်းမှာ ကျောင်းမဖွင့်မီ တစ်ပတ်အလိုမှာ ကျင်းပသွားမယ်လို့ ဆိုပါတယ်။

“မန္တလေးပွဲကို ပြီးခဲ့တဲ့ Birthday Show ပုံစံအတိုင်း ခမ်းနားစွာ တင်ဆက်မှာဖြစ်ပါတယ် ။အကျယ်ဝန်းဆုံးနဲ့ အားလုံးအတွက် အဆင်အပြေဆုံးဖြစ်နိုင်မယ့် မန္တလာသီရိကွင်းမှာ ကျင်းပပါမယ် ကျောင်းမဖွင့်မီ တစ်ပါတ်အလိုမှာ ကျင်းပမယ့် SAISAI MANDALAY SHOW ရဲ့ အသေးစိတ်အချက်အလက်တွေ ထပ်မံကြေငြာမှာဖြစ်တဲ့အတွက် Stay Tuned with SAI ပါ Mandalay မိတ်ဆွေများခင်ဗျာ” ဆိုပြီး စိုင်းစိုင်းရဲ့ ဖေ့စ်ဘွတ်ပေခ့ျ်မှာ မေလ(၁) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : စိုင်းစိုင်း

မန္တလေးက ပရိသတ်တွေကလည်း သူ့ရဲ့ ရှိုးပွဲအတွက်ရင်ခုန်နေကြပါပြီ။စိုင်းစိုင်းက ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo : စိုင်းစိုင်း

စိုင်းစိုင်း(Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာမင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက်စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က