ဘာတွေ လုပ်မှာလဲ။

G-Fatt က ဒီဇင်ဘာလ ၃၁ ရက်နေ့ သူ့ရဲ့ မွေးနေ့မတိုင်ခင် မန္တလေးက ပရိသတ်တွေနဲ့ အတူ Show ပွဲလေးတစ်ခု လုပ်သွားမယ်လို့ ဆိုပါတယ်. မကြာခင် ကျရောက်တော့မယ့် မွေးနေ့ အတွက်ကိုလည်း စိတ်လှုပ်ရှားလို့နေပါတယ်.

Photo: G Fatt

အဆိုတော် G-Fatt ရဲ့ မန္တလေးက ပရိသတ်တွေ အတွက် သတင်းကောင်းတစ်ခုလာပါပြီ. G-Fatt က သူ့ရဲ့ မွေးနေ့ ရက်မတိုင်ခင် မန္တလေးမှာ လူဦးရေ အကန့်အသတ်အသတ်နဲ့ ပွဲလေးတစ်ပွဲလုပ်ချင်တယ်လို့ အခုလိုရင်ဖွင့်ပြောပြလာပါတယ်.

''31 ရက်နေ့မတိုင်ခင် တစ်ရက်ရက်မှာ လူဦးရေ အကန့်အသတ်နဲ့ မွေးနေ့ပွဲလေးလာလုပ် ချင်ပါတယ် မန်းလေးရေ. အသေးစိတ် အချက် အလက် တွေကို ဒီ Page ကနေ ထက် ကြေငြာပေးသွားပါ့မယ် .(Show ပွဲလို ပွဲအကြီးကြီးတော့မဟုတ်ပါဘူး) ဆိုပြီးတော့ ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၁၀ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာကို တွေ့ရပါတယ်.

Photo: A Linn Yaung

G Fatt ဟာ ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ ရှိုးပွဲတွေ ဆက်တိုက်ဆိုဖြစ်နေတဲ့ G Fatt က တစ်ကိုယ်တော် အခွေဖြစ်တဲ့ 120/B ဆိုတဲ့ အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ ချစ်သူလေး နန်းဆုရတီစိုးနဲ့ အတူ ဂီတအလုပ်တွေ လုပ်နေတာကို တွေ့ရပါတယ်။

Photo: A Linn Yaung

G-Fatt နဲ့ နန်းဆုရတီစိုးတို့ရဲ့ အချစ်ရေးကို ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး ပရိသတ်တွေ စိတ်ဝင်စား ခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီ စိုး က လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ချစ်သူ G Fatt ကလည်း ဂီတလောကထဲမှာ လူငယ်ပရိသတ်တွေရဲ့အားပေးမှု အခိုင်အမာရရှိထားသူ ဖြစ်ပါတယ်.

Photo: A Linn Yaung

ပရိသတ်တွေ အားကျပြီး ချစ်စရာကောင်းတဲ့ သူတို့စုံတွဲဟာ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်က နားလည်ပြီးတော့ အားသာချက် အဖြစ် ပြုပြင်ပြောင်းလဲမှုတွေနဲ့ Relationship တစ်ခုကို တည်ဆောက်ထားတာပါ။ ဒါပေမယ့်လည်း နန်းဆုက G Fatt ရဲ့ (၂၄)နာရီ အချိန်အပြည့် သဝန်တိုတာကိုတော့ ခံရတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။

Share

Loading Next Article...
က္က