ရန်ကုန် ပရိသတ်တွေအတွက်လည်း စီစဉ်ထားတာရှိပါတယ်တဲ့။

အဆိုတော် G-Fatt တစ်ယောက် မန္တလေးမှာ Show ပွဲလုပ်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ရန်ကုန်က ပရိသတ်တွေ အတွက် လည်း နောက်ထပ် အစီအစဉ်တစ်ခုရှိတယ်လို့ ဆက်လက်ပြောပြလာပါတယ်။ အခုချိန်မှာတော့ G- fatt က မန္တလေးကို ခရီး သွားနေပါပြီ။

Photo: G- Fatt Facebook

 

အဆိုတော် G-Fatt တစ်ယောက် မန္တလေးမှာ Show ပွဲလုပ်ဖို့ ပြင်ဆင်နေပြီဆိုတာကို ပရိသတ်တွေဆီ အသိပေးလိုက်ပါပြီ။ ရန်ကုန်က ပရိသတ်တွေ အတွက်လည်း အစီအစဉ်တစ်ခု ရှိသေးတယ်လို့ ဆက်လက်ပြောပြလာပါတယ်။ သူဟာ ပရိသတ်တွေနဲ့ ပူးပေါင်းပြီးလုပ်ရမယ့် အလုပ်လေးတွေရှိတာကြောင့် ပရိသတ်တွေ ပူးပေါင်းပါဝင်ဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

'' မန္တလေးမှာ ရှိုးလာလုပ်ဖို့ စီစဉ်ထားပါတယ်။ ပရိသတ်တွေ ပြင်ဆင်ထားကြပါ။ ဒါပေမယ့် ရန်ကုန်က ပရိသတ်တွေ အတွက်လည်း အစီအစဉ် တစ်ခုရှိတယ်၊ သိပ်တောင် မကြာတော့ပါဘူး ၊ ကျွန်တော် လုံးဝ အားခဲထားတာလေးတွေရှိတယ်။ ပရိသတ်တွေ အားလုံးအတွက် ကျွန်တော် လုပ်ထားတာရှိတယ်။ ဒါတွေကို စောင့်ကြည့်ပြီးတော့ ထောက်ခံပေးကြပါနော်''ဆိုပြီးတော့ ပြောပြခဲ့ပါတယ်။

Photo: G- Fatt Facebook

 

G-Fatt ဟာ မန္တလေးကို ခရီးထွက်ကာနီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အနားယူနေတုန်း ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် သူ နည်းနည်း ဝလာတယ် ဆိုတာကို ပရိသတ်တွေ ပြောကြလို့ Gym ဆော့ရမယ် ဆိုပြီးတော့လည်း စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီ ၁၁ မိနစ်က လွှင့်ခဲ့တဲ့ Live မှာ ပြောပြခဲ့တာပါ။

'' အိမ်မက်တွေ မပေးပါဘူး၊ စိတ်ကူးတွေ ပေးတာပါ။ ကျွန်တော် ဝလာတာကို မကြိုက်ဘူး၊ Gym ဆော့ရမယ်၊ ဖက်တီးကြီးဖြစ်လာရင် J-Fire လိုဖြစ်သွားမယ်။ ကျွန်တော် အဲ့ကောင် J Fire နဲ့တွေ့ဦးမယ်။ သူ တော်တော် ဗလတောင့်လာတာနော်၊ ကျွတ်ဆင်ကြီးတွေ၊ ဆေးလိပ်ကိုလည်း ဖြတ်တော့မှာပါ''လို့ သူကဆိုပါတယ်။

Photo: G- Fatt Facebook

မိခင်ဖြစ်သူကို ကတိတွေ ပေးလာတဲ့ G-Fatt 

အမြဲတမ်း ပရိသတ်တွေနဲ့ တရင်းတနှီး ရှိတဲ့ G Fatt က လက်ရှိမှာ ရှိုးပွဲတွေ ဆိုဖြစ်နေတယ်လို့ သိရပါတယ်။ G Fattဟာ ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ ရှိုးပွဲတွေ ဆက်တိုက်ဆိုဖြစ်နေတဲ့ G Fatt က တစ်ကိုယ်တော် အခွေဖြစ်တဲ့ 120/B ဆိုတဲ့ အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။

Photo: G- Fatt Facebook

 

G fatt အနေနဲ့ ပထမတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ဂျင် တေးစီးရီး Audio အခွေကို ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး ၂ နှစ်တာကာလ အကြာမှာပဲ 120/B လို့ အမည်ပေးထားတဲ့ ဒုတိယမြောက်တစ်ကိုယ်တော်တေးစီးရီးကိုထွက်ရှိခဲ့တာပါ။ မကြာခင်မှာလည်း ဖျော်ဖြေပွဲတွေ ပြုလုပ် သွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က