လက်နက်ကိုင်အကြမ်းဖက်မှုတွေက အများဆုံးဖြစ်နေပါတယ်

မန္တလေးမှာ မေလ ၅ ရက်ကနေ တစ်ပတ်အတွင်း မှုခင်းတရားခံ ၂၂၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကေ သတင်းထုတ်ပြန်ထားပါတယ်။

Photo- Mandalay Police

မန္တလေးတိုင်းရဲတပ်ဖွဲ့ အထူးအဖွဲ့တွေက အသွင်ယူဖမ်းဆီးဆောင်ရွက်ခဲ့ရာ မေလ ၅ ရက်နေ ၁၁ ရက်နေ့အထိ အမှု ပေါင်း ၁၆၁ မှုကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ အမှုတွေထဲမှာ လက်နက်ကိုင်ပြီး အကြမ်းဖက်မှုတွေက အများဆုံးဖြစ်နေပြီး တုတ်၊ ဓားတွေကိုင်ဆောင်ကာ ဆူပူသောင်းကျန်းသူတွေကို  သေနတ်နဲ့ ပစ်ဖောက်ဖမ်းဆီးမှုတွေလည်းရှိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Photo- Mandalay Police

ဖမ်းဆီးရမိတဲ့တရားခံ အမျိုးသား (၂၁၂) ဦးနဲ့ အမျိုးသမီး (၁၃) ဦးကိုတော့ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ မန္တလေးတိုင်းရဲတပ်ဖွဲ့အနေနဲ့ မန္တလေးမြို့မှာ ဒုစရိုက်မှုများကျဆင်းရေးကို အရှိန်အဟုန်မြင့်ဆောင်ရွက်နေတာဖြစ်ပြီး မှုခင်းကျဆင်းရေးအတွက် အထူးအဖွဲ့ဖွဲ့စည်းပြီး အသွင်ယူဖမ်းဆီးမှုတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က