ဇန်နဝါရီ ၂၄ ရက် ည ၈နာရီက ရပ်စောက်မှာဖမ်းမိခဲ့တာပါ။

အသက်ရှစ်နှစ်အရွယ် မိန်းကလေးကို ဖျားယောင်းခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ပြီး တောစပ်မှာ စွန့်ပစ်ခဲ့တဲ့သီဟနိုင် (ခ) အသေးလေးဆိုသူကို ဖမ်းမိခဲ့ပြီလို့ ပြင်စာနယ်မြေရဲစခန်း မှ စခန်းမှူး ရဲအုပ်ဝင်းဘိုက Duwun ကိုပြောပါတယ်။

Photo- Mandalay Police

ဇန်နဝါရီ ၂၄ ရက် ည ၈နာရီလောက်က ရှမ်းပြည်နယ် ရပ်စောက်မြို့မှာဖမ်းမိခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားပြီး တစ်လခွဲအကြာမှာ ဖမ်းမိခဲ့တာလို့ ရဲအုပ်ဝင်းဘိုက ဆက်ပြောပါတယ်။

“ ကျွန်တော်တို့က သူ့ပုံရိပ်တစ်ခုပဲရှိတော့ စုံစမ်းရင်းနဲ့ ဆိုင်ကယ်ပိုင်ရှင်နဲ့တွေ့တယ်။ အဲဒီကတစ်ဆင့် သူ့ကို အကျီလက်ဆောင်ဝယ်ပေးတဲ့ သူငယ်ချင်းမ မိတ်ဆွေတွေနဲ့တွေ့ပြီး သူ့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို စုံစမ်းပြီးတော့ ရပ်စောက်မြို့မှာ ရောက်နေတဲ့သတင်းရလို့ ဖမ်းမိခဲ့တာပါ။ သူ့ကို ဖမ်းမိဖို့ တစ်လနဲ့ ၁၄ ရက်ကြာခဲ့ပါတယ်”

ဒီဇင်ဘာ ၁၄ ရက်က မန္တလေးစက်မှုကွက်သစ်ရပ်ကွက်မှာ အသက်ရှစ်နှစ်အရွှယ် မိန်းကလေးဟာ စက်ဘီးနဲ့ အပြင်ကိုမုန့်ထွက်ဝယ်စဉ် ဆိုင်ကယ်နဲ့ လူတစ်ဦးရောက်လာကာ အဆိုပါ မိန်းကလေးကို ခေါ်ဆောင်သွားခဲ့တယ်လို့ စီစီတီဗီမှတ်တမ်းတွေအရ သိရပါတယ်။


Photo -Mandalay Police

နောက်တစ်နေ့မှာ မိန်းကလေးကို မန္တလေး-ပြင်ဦးလွင် အတတ်လမ်းအနီး ပြင်စာကျေးရွာအနီးက တောစပ်မှာ ဒဏ်ရာတွေနဲ့ အဓမ္မပြုကျင့်ခံထားတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူ သီဟနိုင် (ခ) အသေးလေးဆိုသူမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ကာလအတွင်းမှာ ပုဂံ၊ မကွေးနဲ့ ခြောက်မြို့တွေမှာ ဆိုင်ကယ်ခိုးယူမှုတွေကို လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒီအမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိန်းကလေးရဲ့ ဖခင်ဖြစ်သူက ကျုးလွန်သူကို အဓမ္မပြုကျင့်မှု၊ ဖြားယောင်းသွေးဆောင်မှုနဲ့ အပြင်းအထန် နာကျင်စေမှု အပါအဝင် ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားပါတယ်။

Share

Loading Next Article...
က္က