၂၀၁၈ခုနှစ်နဲ့နှိုင်းယှဉ်ရင် လျော့နည်းခဲ့ပါတယ်။

၂၀၁၉ခုနှစ် သင်္ကြန်ကာလအတွင်း မန္တလေးမြို့မှာ ထိခိုက်ဒဏ်ရာရှိခဲ့သူနဲ့ သေဆုံးသူဦးရေက ၂၀၁၈ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် လျော့နည်းခဲ့ပါတယ်။

၀၁၉ ခုနှစ် သင်္ကြန်ကာလအတွင်းမှာ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာ အတွင်းလူနာ(၁၉၆)ဦးနဲ့ ပြင်ပလူနာ (၅၅၆)ဦး ရှိခဲ့ကြောင်းနဲ့ သေဆုံးသူအရေအတွက် ၉ ဦးရှိခဲ့ကြောင်း ဆေးရုံကြီးရဲ့ လူမှုဆက်ဆံရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းလွင်က Duwun ကိုပြောပါတယ်။

"ပြင်ပလူနာဆိုတာက ဆေးရုံမှာ ဆေးကုသပေးပြီး ပြန်လွှတ်လို့ရတဲ့ လူနာမျိုးကိုပြောတာပါ၊ အတွင်းလူနာ အပြင်လူနာပေါင်းကတော့ (၇၅၂)ဦးထိရှိခဲ့ပြီး သေပြီးရောက်လာတာက (၉)ယောက်ရှိခဲ့တယ်" လို့ ဦးမင်းလွင်က ဖြေကြားခဲ့ပါတယ်။

အတွင်းလူနာအဖြစ် ရောက်လာသူအများစုက ယာဉ်မတော်တဆမှုနဲ့ ရန်ဖြစ်ပွားမှုတွေကြောင့် ရောက်လာတာဖြစ်ပြီး သေဆုံးတဲ့သူတွေကတော့ အခင်းဖြစ်ပွားတဲ့နေရာမှာတင် သေဆုံးပြီးရောက်လာတာလို့လည်း သိရပါတယ်။ ယာဉ်မတော်တဆမှုနဲ့ရောက်လာတဲ့ သူတွေက ဆိုင်ကယ်မတော်တဆမှုကြောင့် ထိခိုက်မှုပိုများကြောင်းနဲ့ ပြီးခဲ့တဲ့သင်္ကြန်ပွဲတော်ကာလနဲ့ နှိုင်းယှဉ်ရင်တော့ အတွင်းလူနာအဖြစ် သေဆုံးသူဦးရေ လျော့နည်းလာတာတယ်လို့လည်း ဦးမင်းလွင်က Duwun ကို ပြောခဲ့ပါတယ်။

သင်္ကြန်ကာလအတွင်း မန္တလေးအထွေအထွေရောဂါကုဆေးရုံကြီး (Mandalay General Hospital) ကို ရောက်ရှိလာခဲ့တဲ့ ထိခိုက်ဒဏ်ရာရသူနဲနဲ့ သေဆုံးသူစာရင်းမှာ (၂၀၁၅) ခုနှစ်မှာ ထိခိုက်ဒဏ်ရာရသူ (၇၅၀)ဦး သေဆုံးသူ (၂၈)ဦး၊ ၂၀၁၆ ခုနှစ်မှာ ထိခိုက်ဒဏ်ရာရသူ (၇၀၀)ကျော်နဲ့ သဆုံးခဲ့သူ (၁၆)ဦး၊ ၂၀၁၇ ခုနှစ်မှာ ထိခိုက်ဒဏ်ရာရသူ ၈၁၃ ဦးနဲ့ သေဆုံး ၁၇ ဦး၊ ၂၀၁၈ ခုနှစ်မှာတော့ ဒဏ်ရာရရှိသူ ၆၈၃ ဦးနဲ့ သေဆုံးသူ ၈ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

-နန္ဒ (မန္တလေး)

Share

Loading Next Article...
က္က