စိုင်းစိုင်းက စိုင်းစိုင်းပါပဲ။

မေလ(၂၅) ရက်နေ့က ပြုလုပ်ခဲ့တဲ့ စိုင်းစိုင်းရဲ့ SAISAI MANDALAY SHOW ပွဲကြီးကတော့ စံချိန်တင်ပရိသတ်တွေနဲ့အောင်မြင်မှုတွေ ထပ်မံ ပိုင်ဆိုင်နိုင်ခဲ့ပြန်ပါတယ်။ စိုင်းစိုင်းကတော့ လုံးဝကို ပြိုင်စံရှား အဆိုတော်တစ်ဦးပါပဲ။


Photo : Thein Than oo

မန္တလေးမှာ (၂)နှစ်ကျော်ကြာမှ ပြုလုပ်ခဲ့တဲ့ စိုင်းစိုင်းရဲ့ ရှိုးပွဲကြီးကတော့ တကယ့်ကို အားရစရာပါပဲ။စိုင်းစိုင်းရဲ့ SAISAI MANDALAY SHOW ပွဲကြီးကို မေလ(၂၅) ရက်နေ့က မန္တလေးမြို့မှာ ပြုလုပ်ခဲ့တာပါ။ ကွင်းလုံးပြည့် လာရောက်အားပေးခဲ့တဲပရိသတ်တွေကြောင့် စိုင်းစိုင်းတစ်ယောက် အရမ်းကို ပျော်လို့နေပါတယ်။

စံချိန်တင်ပရိသတ်နဲ့ SAISAI MANDALAY SHOWအားလုံးနဲ့အတူ ကြီးကျယ်ခမ်းနားစွာ အေးချမ်းပျော်ရွှင်စွာ သီဆိုဖျော်ဖြေခွင့်ရခဲ့တဲ့အတွက် ပါဝင်တဲ့ အနုပညာရှင် အတတ်ပညာရှင်တွေရော သူငယ်ချင်းမိတ်ဆွေတွေရော စီစဉ်သူတွေ Sponsor တွေ အဖွဲ့သားတွေရော အထူးသဖြင့် အနယ်နယ်အရပ်ရပ်က ရွှေပွဲလာ ဧည့်ပရိသတ်ကြီးနဲ့တကွ ဒီကွင်းထဲမှာ ရှိကြကုန်သော လူတွေအကုန်လုံး အပြင် မန္တလေးတစ်မြို့လုံး ကို ကျေးဇူးတင်ပါတယ်” ဆိုပြီး မေလ(၂၆) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : Thein Than oo

 စိုင်းစိုင်းရဲ့ ရှိုးပွဲကို ကြည့်တဲ့ ပရိသတ်တွေကလည်း နောက်နှစ်တွေမှာ ဒီထက် ကျယ်တဲ့ ကွင်းပြင်မှာ လုပ်ဖို့ အကြံပေးထားပါသေးတယ်။ စိုင်းစိုင်းရဲ့ အောင်မြင်မှုတွေကတော့ အခုထက်ထိကို လျော့မသွားခဲ့ပါဘူး။ စိုင်းစိုင်း(Sai Sai)က ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။

သူဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo : Thein Than oo

သူဟာ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Share

Loading Next Article...
က္က