ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ဟာ မန္တလေးနဲ့ မေမြို့မှာရှိတဲ့ မိဘမဲ့ ကျောင်းတွေမှာ အလှူအတန်းတွေ လုပ်နေတယ်လို့ သိရပါတယ်။
Photo: ဖြိုးလေး
ဖြိုးလေး (Snare ) နဲ့ ဝါဆိုမိုးဦးတို့ ချစ်သူနှစ်ယောက်က အခုဆိုရင် မေမြို့မှာရှိတဲ့ မိဘမဲ့ကျောင်းတွေမှာ မေလ ၂ ရက်နေ့ က အလှူလုပ်နေတယ်လို့ သိရပါတယ်။ အဲဒီနောက် မန္တလေးမြို့မှာရှိတဲ့ မိဘမဲ့ကျောင်း ၄ နေရာမှာလည်း အလှူတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။
‘’ အခု မေမြို့ရောက်နေတာပါ။ ဒီနေ့မှာတော့ ဝါဆိုတို့ ကိုဖြိုးလေးတို့ရဲ့ Genius မိသားစုတွေ အကုန်လုံးက မိဘမဲ့ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ လိုက်ပြီးတော့ အလှူတွေ လုပ်တယ်ပေါ့။ မန္တလေးမှာ အလှူ ၄ ခုပြီးသွားပြီ။ အခု ၅ ခုမြောက်အလှူ ကတော့ မေမြို့က သင်္ဂတု မှာရှိတဲ့ ရေမောင်းကုန်း ကျောင်းတိုက်မှာ အလှူလုပ်တာပါ’’ လို့ သူကဆိုပါတယ်။
Photo: ဖြိုးလေး
အဲဒီနောက် ရေမောင်းကုန်း ကျောင်းတိုက်မှာ အလှူလုပ်ကြဖို့အတွက်ကိုလည်း ဝါဆိုမိုးဦးက တိုက်တွန်းပြောပြခဲ့ပါသေးတယ်။
‘’ မေမြို့ရောက်လို့ လှူချင်ရင် ဒီကျောင်းလေးမှာ လာလှူပါ။ လူ ၅၀၀ လောက်ရှိပါတယ်။ ကျောင်းလေးက အရမ်းသာယာတယ်။ ဒါက နှစ်သစ်အလှူလေးပါ’’ ဆိုပြီးတော့ မေလ ၂ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ Live လွှင့်ပြီး ပြောပြခဲ့တာပါ။
Photo: ဖြိုးလေး
ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ဟာ ချစ်သူသက်တမ်း(၃)နှစ်ကျော်ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီ ၃ နှစ်အတွင်းမှာလည်း တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲတဲ့။ လက်ရှိမှာတော့ ဖြိုးလေးက သီချင်းအသစ်တွေ ဖန်တီးနေတာဖြစ်ပါတယ်။ ဝါဆိုမိုးဦးကတော့ စီးပွားရေးဘက်မှာ ပိုပြီး အာရုံစိုက်နေတာကို တွေ့ရပါတယ်။
Photo: ဖြိုးလေး
ဖြိုးလေးရဲ့ အသစ်ထွက်ရှိထားတဲ့ ‘’ဘာတွေဖြစ်’’ တစ်ကိုယ်တော်အခွေမှာလည်း ဝါဆိုမိုးဦးက စုံတွဲသီချင်းတစ်ပုဒ် ပါဝင်သီဆိုပေးထားတယ်လို့ ဆိုပါတယ်။ ဝါဆိုမိုးဦးရဲ့ ဂီတအလုပ်တွေမှာလည်း ဖြိုးလေးက ပါဝင်ကူညီပေးနေတာဖြစ်ပါတယ်။ ဖြိုးလေး(Phyo Lay)ကို Rap သီချင်းတွေ ဆိုတဲ့ Snare အဖွဲ့ဝင်တစ်ဦးအဖြစ် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ ဝါဆိုမိုးဦး(Warso Moe Oo)ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ လက်ရှိမှာတော့ သူတို့ ချစ်သူနှစ်ဦးပေါင်းပြီး ဂီတအလုပ်တွေ လုပ်နေပြီလို့ သိရပါတယ်။