မတ်လ ၁၇ ရက်နေ့ မနက် ၆ နာရီခွဲမှာ စကောက်မှာ ဖြစ်ပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဦးဆောင်ပြီး ပြင်ဦးလွင်လမ်း မန္တလေးမြို့ အထွက်ကနေ ၁၆ မိုင်ဂိတ်အထိ အမှိုက်ကောက်ပွဲ ပြုလုပ်မယ်လို့ မန္တလေးမြို့တော်ဝန်က ဖေ့စ်ဘုတ်ခ် လှုမှုကွန်ရက်မှာ ရေးသားထားပါတယ်။

Photo - Ye Lwin Fb (မန္တလေး-ပြင်ဦးလွင် လမ်းမှာ တွေ့ရတဲ့အမှိုက်)

တ်လ ၁၇ ရက်နေ့ မနက် ၆ နာရီခွဲကနေ စကောက်မှာဖြစ်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ၊ မြို့တော်ဝန်၊ စည်ပင်နဲ့ NLD ပါတီ၊ လူမှုအဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေ၊ အုပ်ချုပ်ရေးမှုးတွေနဲ့ စေတနာရှင် မြို့သူမြို့သားတွေ ပါဝင်မှာဖြစ်တာကြောင့် ပြည်သူအားလုံး ပါဝင်ကြဖို့ မြို့တော်ဝန်က ဖိတ်ခေါ်ထားပါတယ်။



အဆိုပါ လမ်းတစ်လျှောက်မှာ မန္တလေးရဲ့အလှကို အကျည်းတန်စေတဲ့ မြို့အဝင်အမှိုက်တွေ ဖြစ်နေပြီး နီးစပ်ရာရွာတွေနဲ့ စည်ပင်စီမံခန့်ခွဲမှု အောက်မှာ မရှိနေတာကြောင့် အမှိုက်တွေကို စည်းကမ်းမဲ့ ပစ်ရာကနေ အမှိုက်ပုံတွေ များလာတယ်လို့လည်း မြို့တော်ဝန်က ဆိုပါတယ်။

Photo- Ye Lwin Fb (မန္တလေး-ပြင်ဦးလွင် လမ်းမှာ တွေ့ရတဲ့အမှိုက်)

အလည်အပတ်အသွားများတဲ့ လမ်းဖြစ်ပြီး ပြည်တွင်းခရီးသွားတွေ အထူးသဖြင့် ပစ်ကပ်ကားတွေနဲ့ သွားနေကြတဲ့သူတွေ စားသောက်စရာတွေကို ပလပ်စတစ်အိပ်နဲ့စားပြီး လမ်းပေါ်ပစ်ချရာကနေ လမ်းဘေးတစ်လျှောက် ပလပ်စတစ်တောကြီး ဖြစ်ကျန်ခဲ့တယ်လို့သိရပါတယ်။ စည်ကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေကို တစ်တိုင်းပြည်လုံးအနေအထားနဲ့ ပညာပေးဖို့ အချိန်တန်ပြီလို့လည်း မြို့တော်ဝန်က ပြောပါတယ်။

အမှိုက်ကောက်သူတွေကို ကောက်ရမယ့် နေရာ ခွဲထားပေးမှာဖြစ်ပြီး အမှိုက်ပုံကြီးတာတွေကိုတော့စည်ပင်ဝန်ထမ်းတွေက ရှင်းလင်းမယ်လို့သိရပါတယ်။ အမှိုက်ကောက်ဖို့စိတ်ပါဝင်စားတဲ့သူတွေအနေနဲ့ ဦးလှမျိုး ဌာနမှူး ၀၉၄၄၁၀၀၆၀၈၅ ဦးစိုးတင့်အောင် ဒုဌာနမှူး ၀၉၂၀၀၀၃၁၄ တို့ကို ဆက်သွယ်နိုင်တယ်လို့လည်း မြို့တော်ဝန်က ဖေ့စ်ဘုတ်ခ်မှာ ရေးသားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က