မတ်လ ၁၇ ရက်မှ မတ်လ ၂၁ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ကြေညာထားပါတယ်။ မတ်လ ၁၆ ရက် ညနေ ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် အဆိုပါဒေသတွေမှာ မိုးရွာသွန်းနိုင်တယ်လို့သိရပါတယ်။
ပြည်သူတွေအနေနဲ့ အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းတွေတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုနိုင်ဖို့ မိုးဇလ ဌာနကအကြံပြုထားပါတယ်။ မတ်လ ၁၈ ရက် မနက်ထိခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နရာကွက်ကျား မိုးထစ်ချုန်းရွာပြီးရွာရန်ရာနှုန်း(၈၀) ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီးကျန်တိုင်းနှင့် ပြည်နယ်တို့သာယာမယ်လို့ မိုးဇလကကြေညာထားပါတယ်။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတွေအခြေအနေအနေနဲ့ ကချင်ပြည်နယ် (မြောက်ပိုင်း) မှာ ခရမ်းလ ွန် ရောင် ခြည် အညွှန်းကိန်း အ လ ွန်မြင့်မားအဆင့် မှာရှိနိုင်ပြီး၊ကျန်ဒေ သ တေ ွမှာ လ ွန်ကဲအဆင့်မှာရှိနိုင်တယ်လို့ မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်က လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာမှာဖော်ပြထားပါတယ်။