ပရိသတ်တွေက သူလာမယ်ဆိုတာတောင် မသိပါဘူး။

G Fatt က မန္တလေးတက္ကသိုလ်မှ ကျောင်းသူကျောင်းသားလေးတွေကို Surprise လုပ်ခဲ့ပါတယ်။ ကျောင်းသင်္ကြန်မှာ သူလာမယ်လို့ လုံးဝမပြောထားဘဲ သီချင်းဆိုရင်းနဲ့မှ စင်ပေါ်တက်သွားခဲ့တာပါ။

Photo : G Fatt



ပရိသတ်တွေရဲ့ အားပေးမှု အခို်င်အမာရရှိထားတဲ့ အဆိုတော် G Fatt က မန္တလေးတက္ကသိုလ် ကျောင်းသူကျောင်းသားတွေ အံ့သြသွားအောင် လုပ်ခဲ့ပါတယ်။ မန္တလေးတက္ကသိုလ် ကျောင်းသင်္ကြန်မှာ သူလာမယ်လို့ မပြောထားဘဲ ဘန်နီဖြိုးနဲ့အတူ သီချင်းဆိုုခါနည်းမှ စင်ပေါ်တက်သွားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် မန္တလေးတက္ကသိုလ်ရောက်နေတာ ဖြစ်ပါတယ်။ ဒီက ကျောင်းသူကျောင်းသားလေးတွေက ကျွန်တော်လာမှန်းမသိဘူး။ ကျွန်တော် Surprise လုပ်ဖို့ ရောက်နေတာပါ။ “ ဆိုပြီး မတ်လ(၁၀) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောခဲ့တာ ဖြစ်ပါတယ်။


ကျောင်းသားကျောင်းသူတွေကလည်း မထင်မှတ်ဘဲ G Fatt တစ်ယောက် စင်ပေါ်ရောက်လာတဲ့ အခါမှာ အရမ်းကို ပျော်သွားခဲ့ကြပါတယ်။ အဲဒီနောက်မှာ G Fatt နဲ့ ဘန်နီဖြိုးတို့က “ကောက်တေး” သီချင်းလေးကို အတူတူဆိုရင်း ပရိသတ်တွေကို ပျော်ရွှင်စေခဲ့ပါတယ်။ ပရိသတ်တွေလည်း G Fatt လာတာတွေ့လို့ အရမ်းပျော်နေသလို သူကိုယ်တိုင်လည်း ပရိသတ်တွေကို Surprise လုပ်ရလို့ ရင်တွေ ခုန်နေတယ်လို့ သူလွှင့်တဲ့ Live မှာ ပြောခဲ့ပါတယ်။

Photo : G Fatt

လက်ရှိမှာ ရှိုးပွဲတွေ ဆက်တိုက်ဆိုဖြစ်နေတဲ့ G Fatt က တစ်ကိုယ်တော် အခွေဖြစ်တဲ့ 120/B ဆိုတဲ့ အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ ချစ်သူလေး နန်းဆုရတီစိုးနဲ့ အတူ ဂီတအလုပ်တွေ လုပ်နေတာကို တွေ့ရပါတယ်။ G Fatt ဟာ ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က