အမျိုးသားတစ်ဦးဟာလည်း စိုးရိမ်ရတဲ့ အခြေအနေဖြစ်ပါတယ်။

မလေးရှားမြို့တစ်မြို့ရှိ ဖျော်ဖြေရေးစင်တာတစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူခြောက်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ ယနေ့ (ဖေဖေါ်ဝါရီ ၂၀ ရက်) မနက်ပိင်းက Ipoh မြို့ရှိ ဖျော်ဖြေရေးစင်တာမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

(Photo: The Star Online)

မီးလောင်မှုအတွင်း သေဆုံးခဲ့သူတွေဟာ အမျိုးသားလေးဦးနဲ့ အမျိုးသမီးနှစ်ဦး ဖြစ်တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။ သေဆုံးသူတွေအနက် အမျိုးသားတစ်ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်ပြီ အမျိုးသမီးနှစ်ဦးက ဗီယက်နမ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးခဲ့သူတွေဟာ အသက် ၃၆ နှစ်နဲ့ ၃၇ နှစ်အရွယ်တွေ ဖြစ်ကြကြောင်းနဲ့ မီးခိုးများကြောင့် အသက်ရှူကျပ်ကာ သေဆုံးခဲ့တယ်လို့ ယုံကြရပါတယ်။



(Photo: Bernama)

မီးလောင်မှုကြောင့် နောက်ထပ် အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးဟာလည်း စိုးရိမ်ရတဲ့ အခြေအနေဖြစ်ပါတယ်။ Ipho မြို့ Jalan Raja Dr Nazrin Shah မှာရှိတဲ့ ဖျော်ဖြေရေးစင်တာ စတုတ္ထထပ်မှာ မီးလောင်မှုဖြစ်ပွားကြောင်း ယနေ့မနက် ၅ နာရီ ၅၀ မိနစ်ခန့်မှာ အကြောင်းကြားမှု လက်ခံရရှိခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။

မီးလောင်မှုအတွင်း သေဆုံးသူ သုံးဦးရဲ့အလောင်းတွေကို သန့်စင်ခန်းတစ်ခုအတွင်း တွေ့ခဲ့ရပြီး နောက်ထပ်သေဆုံးသူတစ်ဦးရဲ့ အလောင်းကိုတော့ ကာရာအိုကေခန်းမမှာ တွေ့ခဲ့ရတယ်လို့ မီးသတ်ဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။ မီးသတ်သမား ၃၉ ဦးက မီးလောင်မှုကို ငြှိမ်းသတ်ခဲ့ကြပြီး အဆောက်အအုံအတွင်း မီးခိုးများထူထပ်စွာရှိနေတာ ကြုံခဲ့ရပါတယ်။

(Photo: The Star Online)

မီးသတ်သမားတွေက အဆောက်အအုံထဲမှာ ပိတ်မိနေသူတွေကို အပြင်ထွက်နိုင်ရန် ကူညီပေးခဲ့ကြောင်းနဲ့ ပိတ်မိနေသူတွေအနက် ၁၀ ဦးဟာ မလေးရှားနိုင်ငံသားတွေ ဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိမှာ အဆောက်အအုံအတွင်း ပိတ်မိနေသူတွေရှိ မရှိ လိုက်လံစစ်ဆေးနေဆဲဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းပြီးပါက သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့ The Star အွန်လိုင်းသတင်းဌာနက ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က