ကားတစ်စီးရဲ့ မောင်းနှင်သူက အိပ်ငိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံ အဝေးပြေးလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ကားနှစ်စီးတိုက်မိခဲ့မှုအတွင်း မိသားစုနှစ်ခုမှ ကလေးငယ်သုံးဦး အပါအဝင် လူခြောက်ဦး သေဆုံးခဲ့ပြီး အခြား လူငါးဦး ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။

(Photo: Bernama)

မေ ၄ ရက် ဒေသစံတော်ချိန် မနက် ၂ နာရီ ၄၅ မိနစ်အချိန်က Raub မြို့နယ်နမိတ်အတွင်း ကွာလာလမ်ပူ-ကိုတာဘာရူး (Kuala Lumpur-Kota Bharu) အဝေးပြေးလမ်းပေါ်မှာ ကားတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ယခု မတော်တဆမှုဟာ ကားတစ်စီးရဲ့ ယာဉ်မောင်းဖြစ်သူ အသက် ၃၈ နှစ်အရွယ် Nasrul Fakhri Mansor အိပ်ငိုက်သွားပြီး ၎င်းရဲ့ကားက ဆန့်ကျင်ဘက်ယာဉ်ကြောကို ရောက်ရှိသွားခဲ့ရာမှ ကားနှစ်စီးတိုက်မိခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။



(သေဆုံးသွားခဲ့သည့် Nasrul Fakhri Mansor) (Photo: Bernama)

အိပ်ငိုက်သွားတဲ့ ယာဉ်မောင်းရဲ့ကားက ဆန့်ကျင်ဘက်ယာဉ်ကြောမှ အသက် ၄၄ နှစ်အရွယ် Mohd Syaril Sulaiman မောင်းနှင်လာတဲ့ကားနဲ့ ဝင်တိုက်ခဲ့မိတယ်လို့ Raub ရဲတပ်ဖွဲ့အကြီးအကဲ Wan Mohd Zahari Wan Busu က ပြောပါတယ်။

ကားမောင်းနေစဉ် အိပ်ငိုက်သွားခဲ့တဲ့ Nasrul ဟာ ၎င်းရဲ့ဇနီး အသက် ၃၇ နှစ်အရွယ် Hartini Mokhtar၊ ၎င်းတို့ရဲ့ ကလေးနှစ်ဦးဖြစ်တဲ့ အသက် ၄ နှစ်အရွယ် Nur Faqihah၊ အသက် ၁ နှစ်အရွယ် Nur Fateen တို့နဲ့အတူ ကားတိုက်မှုဖြစ်တဲ့ နေရာမှာတင် သေဆုံးခဲ့ပါတယ်။ ၎င်းတို့ရဲ့ သားဖြစ်သူ အသက် ၁၀ နှစ်အရွယ် Muhammad Haziq နဲ့ အသက် ၈ နှစ်အရွယ် သမီးဖြစ်သူ Nur Fathiyah တို့ကတော့ ကားတိုက်မှုမှာ အသက်ရှင်ခဲ့ပေမဲ့ ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း သိရပါတယ်။

(Photo: RodongKoi/Facebook)

ကားတိုက်မှုအတွင်း သေဆုံးခဲ့သူ အခြားနှစ်ဦးမှာ Mohd Syaril မောင်းနှင်တဲ့ကားမှာ လိုက်ပါလာကြတဲ့ ၎င်းရဲ့ဇနီး အသက် ၃၄ နှစ်အရွယ် Hasliza Arini Muhamad နဲ့ ၎င်းတို့ရဲ့ အသက် ၂ နှစ်အရွယ် သားဖြစ်သူ Muhammad Khalish Kautsar Mohad Syaril တို့ဖြစ်ပါတယ်။

Mohd Syaril နဲ့ ၎င်းရဲ့ အသက် ၇ နှစ်အရွယ် Khaliesah Khairina နဲ့ အသက် ၅ နှစ်အရွယ် Dhia Afriena တို့ကတော့ ဒဏ်ရာပြင်းထန်စွာရခဲ့ကြတယ်လို့ Bernama သတင်းက ပြောပါတယ်။ ယခု ကားတိုက်မှုကြောင့် ဒဏ်ရာရခဲ့သူတွေကို Kuala Lipis ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ စစ်ဆေးရန်အတွက် Raub ဆေးရုံသို့ ယူဆောင်သွားခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က