ငါးနှစ်အရွယ် ကလေးတစ်ဦးသာ ခြေထောက်ဒဏ်ရာရပြီး အသက်ရှင်ခဲ့ပါတယ်။

မလေးရှားနိုင်ငံ Pahang ပြည်နယ်မှာ ယမန်နေ့ (မတ်လ ၃၁ ရက်) က ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတစ်ခုအတွင်း မိသားစုတစ်ခုတည်းမှ မိသားစုဝင်ငါးဦး သေဆုံးခဲ့ပါတယ်။

(Photo: JBPM)

အဆိုပါ မိသားစုဟာ မင်္ဂလာဆောင်တစ်ခုမှ Maran မြို့ရှိ ၎င်းတို့နေအိမ်ကို ပြန်လာနေခဲ့စဉ် Jalan Kuantan-Kuala Lumpur လမ်းမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုအတွင်း သေဆုံးခဲ့ကြတာဖြစ်ပါတယ်။



Maran ရဲတပ်ဖွဲ့အကြီးအကဲ Norzamri Abd Rahman ရဲ့ အဆိုအရ သေဆုံးခဲ့သူတွေဟာ အသက် ၃၁ နှစ်အရွယ် Musa Abdullah၊ ဇနီးဖြစ်သူ အသက် ၃၀ နှစ်အရွယ် Norsuraya Mohd Noor နဲ့ ၎င်းတို့ရဲ့သား အသက် ၃ နှစ်အရွယ် Muhammad Zulkarnain၊ Norsuraya ရဲ့ မိဘတွေဖြစ်ကြတဲ့ အသက် ၇၈ နှစ်အရွယ် Mohd Noor Che Mat နဲ့ အသက် ၆၆ နှစ်အရွယ် Hashimah Ismail တို့ဖြစ်ကြောင်း သိရပါတယ်။

(Photo: Bernama)

Musa နဲ့ Norsuraya တို့ရဲ့ နောက်ထပ် ကလေးတစ်ဦးဖြစ်တဲ့ အသက် ၅ နှစ်အရွယ် Nur Quraitun Ain ကတော့ ခြေထောက်ဒဏ်ရာများရခဲ့ပြီး Temerloh ဒေသရှိ Sultan Haji Ahmad Shah ဆေးရုံမှာ ကုသမှုခံယူနေရပါတယ်။

"သူတို့ အိမ်ကိုပြန်လာနေကြတာ၊ သူတို့ရဲ့ Perodua Myvi ကားကို Norsuraya က မောင်းနှင်လာခဲ့ပြီး အရှိန်မထိန်းနိုင်ဖြစ်သွားရာက ဆန့်ကျင်ဘက်ယာဉ်ကြောကို ရောက်သွားခဲ့တယ်၊ အဲဒီမှာ Proton Iswara နဲ့ Toyota Hilux ကားနှစ်စီးကို ဝင်တိုက်ခဲ့မိတယ်" လို့ ရဲတပ်ဖွဲ့အကြီးအကဲက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ Proton နဲ့ Toyota ကားနှစ်စီးမှ ယာဉ်မောင်းတွေကတော့ ထိခိုက်ဒဏ်ရာ မရခဲ့ကြဘူးလို့ Norzamri က ပြောခဲ့တယ်လို့ Bernama သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က