ထီပေါက်ပေမယ့်ပြန်ဖို့ အထောက်အထားမဲ့နေတဲ့သူ့ကို ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ပြောပါတယ်။

မလေးရှားမှာ ငါးဖမ်းလုပ်သားလုပ်နေတဲ့ အသက် ၂၁ နှစ်အရွယ်မောင်ကိုကိုဖြိုးဆိုသူက မလေးရှားနိုင်ငံပဲရပ်ပြည်နယ် ဟူတာမလင်တန်မြို့ ငါးဖမ်းဇုံမှာ ငါးဖမ်းရင်းရေလုပ်သားလုပ်နေရင်းနဲ့ ထီထိုးရာကနေ သိန်းတစ်ထောင်ဆု ဆွတ်ခူးရရှိခဲ့တယ်လို့ ကပုန်းနာရေးကူညီမှုအသင်း (မလေးရှား)ကနေ သိရပါတယ်။


ဓါတ်ပုံံ- ကပုန်းနာရေးကူညီမှုအသင်း




တနသာၤရီတိုင်း ထားဝယ်မြို့ သရက်ချောင်းမြို့နယ် ကျောက်ခမောင်းရွာမှာနေထိုင်တဲ့ မောင်ကိုကိုဖြိုးက မလေးရှားနိုင်ငံမှာရှိတဲ့ ဟူတာမလင်တန်မြို့ ငါးဖမ်းဇုံမှာ ငါးဖမ်းရင်းနဲ့ရေလုပ်သားလုပ်ကိုင်နေတာဖြစ်ပါတယ်။

သူက ကမ်းအနီးအနားမှာရှိတဲ့ထမင်းဆိုင်မှာ ထမင်းသွားစားရင်းနဲ့ ထီလက်မှတ်ကို လကုန်ရင်ပေးမယ်ဆိုပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နယ်ကနေ ထီကိုယ်စားလှယ်ဖြန့်တဲ့သူဆီကနေ အကြွေးထီထိုးခဲ့တာဖြစ်ပြီး ထီပေါက်ခဲ့တာပါ။

ထီပေါက်ခဲ့တဲ့သူက သူ့အနေနဲ့ လုံခြုံမှုှုမရှိတာကြောင့် ကပုန်း(၇) ရက်သားသမီးနာရေးကူညီမှုအသင်းမှာ အကူအညီတောင်းခံထားတာဖြစ်ပြီးတော့ မြန်မာနိုင်ငံကမိသားစုဝင်တွေကလည်း မြန်မာနိုင်ငံကိုပို့ဆောင်ပေးဖို့ အကူအညီတောင်းခံလာတယ်လို့ ဆိုပါတယ်။

သံရုံးဝန်ထမ်းတွေက ထီပေါက်ပေမယ့်ပြန်ဖို့ အထောက်အထားမဲ့နေတဲ့သူ့ကို ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ပြောပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က