ညီအစ်မနှစ်ဦးက နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

မလေးရှားနိုင်ငံ Kelantan ပြည်နယ် Pasir Mas ဒေသမှာ ဖေဖေါ်ဝါရီ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကားနှစ်စီး ခေါင်းချင်းဆိုင်တိုက်မှုအတွင်း ညီအစ်မသုံးဦး သေဆုံးခဲ့ပါတယ်။

(Photo: Getty Images)

ညီအစ်မသုံးဦး လိုက်ပါလာတဲ့ Perodua Myvi အမျိုးအစားကားကို ၎င်းတို့အနက် အကြီးဆုံးဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် Nurfatin Arin Mohd Asri က မောင်းနှင်လာခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီဝန်းကျင်မှာ ကားတိုက်မှုဖြစ်ပွားခဲ့ပါတယ်။



Pasir Mas ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ Abdullah Mohhammad Piah ရဲ့ ပြောကြားမှုအရ Proton Wira အမျိုးအစား ကားတစ်စီးက ၎င်းရှေ့မှကားကို ကျော်တက်ရန်အတွက် ဆန့်ကျင်ဘက်ယာဉ်ကြောကို ရောက်ရှိသွားရာမှာ ညီအစ်သုံးဦးရဲ့ကားနဲ့ ခေါင်းချင်ဆိုင်တိုက်မိခဲ့တယ်လို့ သိရပါတယ်။

ညီအစ်မသုံးဦးအနက် ကားမောင်းလာတဲ့ Nurfatin နဲ့ အသက် ၁၀ နှစ်အရွယ် ညီမငယ် Anis Saraya တို့ဟာ ကားတိုက်မှုဖြစ်တဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ကားအနောက်ခန်းမှာ လိုက်ပါလာခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် Haifa Amira ကတော့ Pasir Mas ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Bernama)

၎င်းတို့ကားနဲ့ ခေါင်းချင်းဆိုင်တိုက်မိခဲ့တဲ့ Proton Wira ကားကို မောင်းနှင်လာတဲ့ အသက် ၂၁ နှစ်အရွယ် Helmi Mustafa ဆိုသူ အမျိုးသားကတော့ ဒဏ်ရာပြင်းထန်စွာရပြီး သတိမေ့နေကြောင်းနဲ့ ဆေးရုံသို့ပို့ဆောင်ထားကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ Abdullah က ပြောပါတယ်။

ကားတိုက်မှုအတွင်း သေဆုံးခဲ့တဲ့ ညီအစ်မသုံးဦးဟာ Tanah Merah ဒေသမှဖြစ်ပြီး ၎င်းတို့ရဲ့ ဦးလေးအိမ်ကို အလည်သွားနေစဉ် မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း မလေးရှားသတင်းဌာန Bernama က ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က