မေမေ့ ဇာတ်ကားတွေထဲမှာ ထိပ်ထိပ်အကြိုက်ဆုံးဇာတ်ကားရှိတယ်။

စံထိပ်ထားဦးကတော့ မေမေခိုင်သင်းကြည်ကို ရင်ထဲမှာ အကယ်ဒမီပေးထားပြီးပြီဆိုတဲ့ အကြောင်းပြောပြလာပါတယ်။ 

Photo: San Htat Htar Oo



စံထိပ်ထားဦးကတော့ မိခင်ဖြစ်သူ ခိုင်သင်းကြည်ကို အနုပညာမှတ်တိုင်နောက်ထပ် တစ်ခု စိုက်ထူချင်တယ်လို့ ဆိုပါတယ်။ မေမေ့ကို ရင်ထဲမှာ အကယ်ဒမီပေးထားပြီးသား ဇာတ်ကားရှိတယ်လို့ Duwun Media အင်တာဗျူးထဲမှာ ဖြေဆိုခဲ့တာပါ။ 

“ မေမေ့ ရဲ့ ဇာတ်ကားတွေထဲမှာ ထိပ်ထိပ်အကြိုက်ဆုံး ဇာတ်ကားတွေရှိတယ်။ ဒီဇာတ်ကားတွေထဲမှာမှ “စရိုက်” ရုပ်ရှင်ကားကြီးလည်း ပါတယ်ဆိုတော့ မေမေ့ကို ရစေချင်တယ်။ အဲဒီဇာတ်ကားနဲ့ မေမေ့ကို ထိပ်ထိပ် ရင်ထဲမှာ အကယ်ဒမီပေးထားပြီးသားပါ” ဆိုပြီးတော့ မတ်လ ၈ ရက်နေ့တုန်းက Jelly Bunny ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: San Htat Htar Oo

ခိုင်သင်းကြည်ကတော့ လက်ရှိမှာ အကယ်ဒမီဆု ၂ ဆုကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သူမဟာ ၂၀၁၃ ခုနှစ်တုန်းက “စုန်းပြူး” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ''ကောင်းကျိုးကိုယ် ၌တည်စေ မင်း''ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ရရှိခဲ့ပြန်ပါတယ်။ ၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီဆန်ခါတင်ဇာတ်ကားစာရင်းတွေမှာလည်း ခိုင်သင်းကြည်ရဲ့ ရုပ်ရှင်ဇာတ်ကားတွေ ပါဝင်လာတာ တွေ့ရပါတယ်။ 

Photo: San Htat Htar Oo

စံထိပ်ထားဦးကတော့ ၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီး ကျင်းပမယ့် ရက်ရွှေ့သွားတဲ့အပေါ် သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။ ဒီနှစ်အကယ်ဒမီပေးပွဲကိုတော့ တက်ရောက်ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

“အကယ်ဒမီနဲ့ ပတ်သက်ပြီး မေမေ့အတွက် ရင်ခုန်ပေးတာပေါ့။ အခုလို ရက်ရွှေ့သွားတဲ့အပေါ်မှာလည်း မခံစားရပါဘူး မလုပ်တော့တာမှ မဟုတ်တာ ရက်ပဲရွှေ့သွားတာဆိုတော့လေ။ အကယ်ဒမီပေးပွဲကိုလည်း ဒီနှစ် မတက်ဖြစ်ဘူး။ အိမ်မှာပဲ မုန့်ထိုင်စားရင်း ကြည့်တော့မယ်။ ထိပ်ထိပ်လိုက်သွားတဲ့ နှစ်တွေဆိုရင် မေမေက ကိုယ့်အတွက် စိတ်ပူပေးနေရတယ်။ ငါ့ သမီးအဆင်ပြေရဲ့လား၊ လှရဲလား ဆိုတာပဲ သူ့မှာ လိုက်လုပ်နေရတယ်ဆိုတော့ ဒီနှစ်မလိုက်ဖြစ်တော့ဘူးလို့ မေမေ့ကို ပြောလိုက်တယ်” လို့ ဆိုပါတယ်။ 

Photo: Oakkar Lay

စံထိပ်ထားဦးကိုတော့ ကိုခန့်နိုင်နဲ့ သရုပ်ဆောင် ခိုင်သင်းကြည်တို့ရဲ့ သမီးလေးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူမကို ချစ်တဲ့ ပရိသတ်တွေလည်း အခိုင်အမာ ရရှိထားသူဖြစ်ပါတယ်။ မိခင်ဖြစ်သူ ခိုင်သင်းကြည်နဲ့ အတူ TV ကြော်ငြာတွေလည်း ရိုက်ကူးထားတာ တွေ့ရပါတယ်။ သူမ တစ်ယောက်တည်း ပါဝင်ထားတဲ့ TV ကြော်ငြာတွေလည်းရှိပါသေးတယ်။ လက်ရှိမှာတော့ စံထိပ်ထားဦးဟာ ပညာရေးကို ဦးစားပေးနေရတာကြောင့် အနုပညာအလုပ်တွေကို တစိုက်မတ်မတ် လုပ်ဆောင်လာတာ မတွေ့သေးပါဘူး။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က