ဖြိုးမြတ်အောင်ထက်အရင် အခွေထွက်ဖို့ ကြိုးစားနေတဲ့ ချမ်းမြေ့မောင်ချိုကို ဖြိုးပြည့်စုံက တိုးတိုးတိတ်တိတ် ကူညီပေးနေ တယ်ဆိုတဲ့ သတင်းကြောင့် ဖြိုးပြည့်စုံတစ်ယောက် စိတ်ညစ်လို့ နေပါတယ်။မဟုတ်မမှန်သတင်းလုပ်ရေးထားတဲ့ ထိုပေ့ချ်ကို လည်း အပြင်းအထန် ရှုံ့ချထားတာ တွေ့ရပါတယ်။
Photo : ဖြိုးပြည့်စုံ FB
ဖြိုးမြတ်အောင်ထက်အရင် အခွေထွက်ဖို့ ကြိုးစားနေတဲ့ ချမ်းမြေ့မောင်ချိုကို ဖြိုးပြည့်စုံက တိုးတိုးတိတ်တိတ်ကူညီပေးနေတယ်ဆိုတဲ့ သတင်းကြောင့် ဖြိုးပြည့်စုံတစ်ယောက် စိတ်ညစ်လို့ နေပါတယ်။မဟုတ်မမှန်သတင်းလုပ်ရေးထားတဲ့ ထိုပေ့ချ်ကိုလည်း အပြင်းအထန် ရှုံ့ချထားတာ တွေ့ရပါတယ်။
Photo : အိအိ FB
မိခင်အတွက် ရည်စူးပြီး အလှူတွေလုပ်နေတဲ့ ဖြိုးပြည့်စုံ
ထိုသတင်းနဲ့ပတ်သက်ပြီးတော့လည်း အဆိုတော် ဖြိုးပြည့်စုံက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ဖြေရှင်းထားတာ တွေ့ရပါတယ်။
"သတင်းဖြစ်ရင်ပြီးရော ကျွန်တော့်ကို စွပ်စွဲပြောဆိုတဲ့ အမှန်တရားမဟုတ်တဲ့ ဒီလိုသတင်းမျိုးတင်တဲ့ MYANMAR Beauty Stars ကို ရံှု့ချပါတယ် ။ မမှန်ကန်တဲ့ သတင်းကို Page like ရရှိရေး အတွက် အသုံးချပါတယ်။ အများသူငှာ အထင်အမြင် လွဲ အကျိုးယုတ် စေမဲ့ ဒီလို သတင်းမှန် မဟုတ် တဲ့အကြောင်းအရာတွေ ကို တင်တယ် ဆိုတာ ကျွန်တော်တို့အတွက်ရော ပြည်သူ ပိရိသတ်တွေ အတွက် ပါ အဆိပ် တခုပါပဲ" ဆိုပြီး ဖြိုးပြည့်စုံက စက်တင်ဘာလ(၃) ရက်နေ့ ညပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
Photo : ဖြိုုးပြည့်စုံ FB
အမှန်ဆိုရင်တေးရေးကိုဝေကြီးအိမ်မှာ သီချင်း Demo လုပ်ရင်း ချမ်းမြေ့မောင်ချိုနဲ့ ဆုံတုန်း ဓာတ်ပုံရိုက်ကြတာ ဖြစ်တယ်လို့ ဖြိုးပြည့်စုံက ပြောထားပါတယ်။ ဖြိုးပြည့်စုံ တင်ထားတဲ့ ပို့စ်နဲ့ ပတ်သက်ပြီး အဆိုတော် ကော်နီကကလည်း ယခုလို မှတ်ချက်ရေးထားတာတွေ့ရပါတယ်။
"အော်,, ဖြစ်မှဖြစ်ရလေဟယ်,,တကယ်လို့ကူညီတယ်ဆိုရင်ကော အနုပညာကိုချစ်တဲ့မောင်နှမအချင်းချင်း,ကူညီကြရမှာပေါ့။လူတဖက်သား,စိတ်အနှောက်ယှက်ဖြစ်, စိတ်ဆင်းရဲ, မိသားစုမျက်ရည်ကျ, ကြရတဲ့အဖြစ်မျိုးတွေဖြစ်ပြီး, မှ,ကိုယ့်ရဲ့မီဒီယာ,နာမည်ကြီးလာမယ့် အဖြစ်မျိုးတွေ မဖြစ်သင့်တော့ပါဘူး။ကိုယ်ပြုသမျှကြောင့်ကိုယ့်ဆီတနည်းမဟုတ်တနည်းနဲ့ပြန်လာကြမယ်ဆိုတဲ့ အသိတရားလေးရှိစေချင်ပါတယ်,၇,ရက်သားသမီး,အားလုံးအတွက်အကျိုးမရှိနိုင်ပါဘူးရှင်,, တော်ကြပါတော့," ဆိုပြီး ပြောထားတာ တွေ့ရပါတယ်။
တချို့သော အဆိုတော်များလည်း အဆိုပါ သတင်းနဲ့ ပတ်သက်ပြီး မဟုတ်မမှန်ရေးသားထားသော ပေ့ချ်ကို ဝေဖန်ထားတာ တွေ့ရပါတယ်။
Photo : ဖြိုုးပြည့်စုံ FB
အဆိုတော်ဖြိုးပြည့်စုံဟာ ဂီတလောကထဲကို Melody World 2010 သီချင်းဆိုပြိုင်ပွဲကနေတဆင့် စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲကြီးပြီးသွားတဲ့နောက်မှာ အွန်လိုင်းပေါ်ကနေ သီချင်းလေးတွေကို မိတ်ဆက်ပေးခဲ့ပြီး ''သိမ်းထားတဲ့ အချစ်'' ၊ '' လရိပ်'' ၊ ''မျှော်နိုင်သမျှ'' စတဲ့သီချင်းလေးတွေနဲ့ ပရိသတ်ကြားမှာ ရေးပန်းစားခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ မျှော်နိုင်သမျှ Audio CD ကို ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ ဒုတိယမြောက်အခွေကိုတော့ ပြင်ဆင်နေတုန်းပဲလို့ ဆိုပါတယ်။