ဖြိုးလေးနဲ့ ဝါဆိုက ချစ်သူသက်တမ်း ၃ နှစ်ကျော်လာပါပြီ။

ဝါဆိုမိုးဦး တစ်ယောက် ဖြိုးလေး(Snare) ရဲ့ Surprise ကြောင့် ဝမ်းသာပျော်ရွှင်ခဲ့ရပါတယ်တဲ့။ သူတို့ရဲ့ ချစ်သူ သက်တမ်းက ၃ နှစ်ကျော်ပါပြီတဲ့။

Photo: ဝါဆိုမိုးဦး

ဖြိုးလေး(Snare) က ချစ်သူလေး ဝါဆိုမိုးဦးအတွက် Valentine’s Surprise လုပ်ပေးခဲ့ပါတယ်။ မျှော်လင့်မထားတဲ့ လက်ဆောင်လေးကြောင့် ဝါဆိုတစ်ယောက် ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်တဲ့။

‘’နေ့ရော ညရော အခွေအတွက်အလုပ်ရှုပ်နေတဲ့ကြားက valentine's surprise လုပ်ပေးတယ်။ ကျေးဇူးပါ ကို’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက် ၂ နာရီ ၁၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ အဲဒီနောက် သူတို့ ချစ်သူနှစ်ဦးရဲ့ ကြည်နူးစရာ Surprise Live လေးကိုလည်း ဖေ့စ်ဘွတ်မှာ တင်ခဲ့ပါသေးတယ်။

Photo: ဝါဆိုမိုးဦး

ဖြိုးလေး ရဲ့ လက်ဆောင်ကြောင့် ဝါဆိုမိုးဦးတစ်ယောက် အရမ်းကို ပျော်ရွှင်ခဲ့တယ်ဆိုတာကို Facebook Live ကနေတဆင့် တွေ့နိုင်ပါတယ်။ သူတို့ ချစ်သူ စုံတွဲကို အားကျရတဲ့ ပရိသတ်တွေကလည်း Comment ကနေ တဆင့့် ဂုဏ်ပြုစကားတွေ၊ အပျော်တွေ ကူးစက်တယ် ဆိုတဲ့ အကြောင်းတွေ ရေးသားထားကြပါတယ်။

Photo: ဝါဆိုမိုးဦး

ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ဟာ ချစ်သူသက်တမ်း(၃)နှစ်ကျော်ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီ ၃ နှစ်အတွင်းမှာလည်း တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲတဲ့။ လက်ရှိမှာတော့ ဖြိုးလေးက သီချင်းအသစ်တွေ ဖန်တီးနေတာဖြစ်ပါတယ်။ ဝါဆိုမိုးဦးကတော့ စီးပွားရေးဘက်မှာ ပိုပြီး အာရုံစိုက်နေတာကို တွေ့ရပါတယ်။

Photo: ဝါဆိုမိုးဦး

ဖြိုးလေး(Phyo Lay)ကို Rap သီချင်းတွေ ဆိုတဲ့ Snare အဖွဲ့ဝင်တစ်ဦးအဖြစ် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ ဝါဆိုမိုးဦး(Warso Moe Oo)ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ လက်ရှိမှာတော့ သူတို့ ချစ်သူနှစ်ဦးပေါင်းပြီး ဂီတအလုပ်တွေ ဆောင်ရွက်နေပြီလို့ သိရပါတယ်။

Share

Loading Next Article...
က္က