မဲဆန္ဒရှင်စာရင်းမှားယွင်းမှု ၊ မပြည့်စုံမှုတွေရှိနေတဲ့အတွက် ပြန်လည်ပြင်ဆင်နိုင်ဖို့ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်စာရင်း ကြည့်ရှုစစ်ဆေးနိုင်တဲ့ရက်ကို သြဂုတ် ၁၄ရက်အထိ တစ်ပတ်ထပ်မံ တိုးမြှင့်လိုက်တယ်လို့ သိရပါတယ် ။ 

မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းမှားယွင်းမှု ၊ မပြည့်စုံမှုတွေရှိနေတဲ့အတွက် ပြန်လည်ပြင်ဆင်နိုင်ဖို့ အခုလိုတိုးမြှင့်လိုက်တာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်ထံက သိရပါတယ် ။



"သြဂုတ် ၇ရက်ကနေ နောက်တစ်ပတ် တိုးမြှင့်လိုက်တာပါ ။ အဓိကက မဲဆန္ဒရှင်စာရင်းမှန်ကန်စေဖို့ နဲ့ လိုအပ်ချက်တွေကို အချိန်မီပြင်ဆင်နိုင်ဖို့ တိုးမြှင့်တာပါ ။ ဒီတစ်ပတ်အတွင်း အပြီးဆောင်ရွက်ပေးရမှာပါ '' လို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (ရန်ကုန်တိုင်းဒေသကြီး ဥက္ကဌ ဦးကြည်မြင့်က Duwun ကို ပြောပါတယ် ။ 

ယခင်က မဲဆန္ဒရှင်စာရင်း ကြည့်ရှုခြင်း နဲ့ ပြင်ဆင်ခြင်းလုပ်ငန်းစဉ်တွေကို ဇူလိုင်လ ၂၅ရက်နေ့ သြဂုတ်လ ၇ရက်အထိ သတ်မှတ်ခဲ့တာဖြစ်ပေမယ့် မဲစာရင်းမှားယွင်းမှုတွေရှိနေတာကြောင့် တစ်ပတ်တိုးမြှင့်လိုက်တာ ဖြစ်ပါတယ် ။ မဲဆန္ဒရှင်စာရင်းမှားယွင်းမှုတွေမှာတော့ အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေရဲ့ မိသားစုကိုယ်တိုင် ပါဝင်နေတယ်လို့ သြဂုတ်လ ၅ ရက်နေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အွန်လိုင်းဆွေးနွေးပွဲမှာလည်း ပြောခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က